
နေပြည်တော် နိုဝင်ဘာ ၇
-
၂ဝ၁၈ ခုနှစ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲကို ယနေ့နံနက် ၇ နာရီခွဲ တွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းများ၌ ကျင်းပသည်။
-
ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်း အမှတ်(၁) ၌ယှဉ်ပြိုင်သည့် မန္တလေးတိုင်းဒေသကြီး အသင်းနှင့် တနင်္သာရီတိုင်း ဒေသကြီး အသင်း တို့ပွဲစဉ်တွင် မန္တလေးတိုင်းဒေသကြီးအသင်းက တနင်္သာရီတိုင်းဒေသကြီးအသင်းကို ၃ ဂိုး-၁ ဂိုးဖြင့်လည်းကောင်း၊ ဝဏ္ဏသိဒ္ဓိ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ယှဉ်ပြိုင်သည့် ရှမ်းပြည်နယ်အသင်းနှင့် မွန်ပြည်နယ် အသင်းတို့ပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းက မွန်ပြည်နယ်အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့်လည်းကောင်း အသီးသီး အနိုင် ရရှိသည်။
-
ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့် ရေးကွင်း အမှတ်(၁)၌ ဧရာဝတီတိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ် အသင်းတို့ ယှဉ်ပြိုင်ကြရာ မွန်ပြည်နယ်အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့်လည်းကောင်းအသီးသီးအနိုင်ရရှိသည်။ ညနေ ၃ နာရီတွင် ဝဏ္ဏသိဒ္ဓိလေ့ကျင့်ရေးကွင်းအမှတ်(၁)၌ ဧရာဝတီတိုင်းဒေသကြီးအသင်းနှင့် ချင်ပြည်နယ်အသင်းတို့ ယှဉ်ပြိုင်ကြရာ ဧရာဝတီတိုင်း ဒေသကြီးအသင်းက ကချင်ပြည်နယ်အသင်းကို ၅ဂိုး- ဂိုးမရှိဖြင့်လည်းကောင်း၊ ဝဏ္ဏ သိဒ္ဓိ လေ့ကျင့်ရေးကွင်း အမှတ်(၃)၌ ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ရခိုင်ပြည်နယ်အသင်းတို့ယှဉ်ပြိုင် ကြရာ ရန်ကုန်တိုင်း ဒေသကြီးအသင်းက ရခိုင်ပြည်နယ်အသင်းကို ၄ဂိုး-ဂိုးမရှိဖြင့်လည်းကောင်းအသီးသီးအနိုင်ရရှိသည်။ အဆိုပါပြိုင်ပွဲ၏ ဆီမီးဖိုင်နယ်ပွဲစဉ်များကို နိုဝင်ဘာ ၉ ရက် နံနက် ၇ နာရီခွဲတွင် ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ မန္တလေး တိုင်း ဒေသကြီးအသင်း နှင့် ရှမ်းပြည်နယ်အသင်း၊ ညနေ ၃နာရီတွင် ရန်ကုန်တိုင်းဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်း ဒေသကြီးအသင်းတို့ အသီးသီး ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
-
မောင်မောင်စိုး
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment