www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 8, 2018

ငါးနှစ်အောက် ကလေး အာဟာရပြည့်ဝမှု ယှဉ်ပြိုင်ခြင်းနှင့် စံပြမိခင် ရွေးချယ်ခြင်း ပြိုင်ပွဲ ကျင်းပ

ငါးနှစ်အောက် ကလေး အာဟာရပြည့်ဝမှု ယှဉ်ပြိုင်ခြင်းနှင့် စံပြမိခင် ရွေးချယ်ခြင်း ပြိုင်ပွဲ ကျင်းပ
ဖရူဆို နိုဝင်ဘာ ၇ 
-
ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန  မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် IRC တို့ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီတွင် ကယား ပြည်နယ် ဖရူဆိုမြို့နယ် မိခင်နှင့်ကလေး ကျန်းမာရေးဌာန၌  ငါးနှစ်အောက်ကလေး အာဟာရ ပြည့်ဝမှု ယှဉ်ပြိုင်ခြင်းနှင့် စံပြမိခင် ရွေးချယ်ခြင်းပြိုင်ပွဲ ကျင်းပသည်။
-
ရှေးဦးစွာ ငါးနှစ်အောက် ကလေး အာဟာရပြည့်ဝမှု ယှဉ်ပြိုင်ခြင်းတွင် ဖရူဆို မြို့နယ်အတွင်းရှိ မိခင်များနှင့်  ကလေး များ ဝင်ရောက်ယှဉ်ပြိုင်ကြရာ   ၎င်းတို့အား  ကိုယ်အလေးချိန်ချိန်ခြင်းနှင့် ကျန်းမာရေး ဆိုင်ရာ  မေးခွန်းများ မေးမြန်း ကြသည်။
-
ထို့နောက် ပြိုင်ပွဲမှ ဆုရရှိသော မိခင်များ နှင့်ကလေးများကို ဆုများအသီးသီးပေးအပ်ကြပြီး တက်ရောက် လာ သူများနှင့် ကျန်းမာရေး အမျိုးသမီးဆရာမ ဒေါ်လင်းဒါက စံပြ မိခင်အကြောင်းနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးကြပြီး တက်ရောက်လာသူများအား လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။
-
အဆိုပါအခမ်းအနားသို့ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ ဥက္ကဋ္ဌ ဒေါ်နှင်းနှင်းလွင်၊ မြို့နယ်ကျန်းမာရေးဝန်ထမ်းများ၊ မိခင်များ၊ ကလေးများနှင့် IRC မှ တာဝန်ရှိသူများ စုစုပေါင်း အင်အား ၈ဝ ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။ 
-
မိုးသူ
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger