www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, November 1, 2018

အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်

အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲပြုလုပ်
နေပြည်တော် အောက်တိုဘာ ၃၁ 
-
အရှေ့တောင်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း မြန်မာ့သိုင်းပြိုင်ပွဲ ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် ပြည့်ဇာနည် အားကစားခန်းမ၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ မြန်မာ့သိုင်း အဖွဲ့ချုပ်မှ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် အားကစားသမားများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ထို့နောက်  တက်ရောက်လာကြသူများနှင့်အတူ မြန်မာ့သိုင်း အားကစားသမားများ၏ သိုင်းစွမ်းရည် သရုပ်ပြသမှုများနှင့် ပြိုင်ပွဲဝင်အသင်းများ၏ ပြိုင်ပွဲအမျိုးအစားအလိုက် ယှဉ်ပြိုင်မှုများကို ကြည့်ရှု အားပေးကြသည်။
-
အဆိုပါမြန်မာ့သိုင်းပြိုင်ပွဲကို  နိုဝင်ဘာ ၂ ရက်အထိ ပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အသင်းခြောက်သင်းက ဗန်တိုအတိုက်၊ ပန်ကြပ်ဆီလပ်၊ ဓားနှစ်လက်အတိုက် စသည့်ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။  
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger