www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, November 26, 2018

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (၂၂)ကြိမ်မြောက် ဓမ္မစကြာ ရွတ်ဆို ပူဇော်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်

အနောက်မြောက်တိုင်း စစ်ဌာနချုပ် (၂၂)ကြိမ်မြောက် ဓမ္မစကြာ ရွတ်ဆို ပူဇော်ပြိုင်ပွဲ ဆုပေးပွဲပြုလုပ်
-
နေပြည်တော်   နိုဝင်ဘာ  ၂၅
-
အနောက်မြောက်တိုင်း စစ်ဌာနချုပ်၏ (၂၂)ကြိမ်မြောက် ဓမ္မစကြာရွတ်ဆိုပူဇော်ပြိုင်ပွဲ ဆုပေးပွဲကို နိုဝင်ဘာ ၂၄ ရက် ညနေပိုင်းတွင် တိုင်းစစ်ဌာနချုပ်၊ ဇေယျာသီရိခန်းမ၌ ပြုလုပ်ရာ သာသနာ့အနွယ်ဝင် သီလရှင်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ပြိုင်ပွဲဝင် ဝတ်အသင်းများ တက်ရောက်ကြသည်။
-
ဦးစွာ တာဝန်ရှိသူများက သာသနာ့အနွယ်ဝင် သီလရှင်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ဒိုင်အဖွဲ့ဝင်များ အတွက် ဂုဏ်ပြုလက်ဆောင်နှင့် ဆုရရှိသော ဝတ်အသင်း များအား ဆုများပေးအပ်သည်။
-

အဆိုပါဓမ္မစကြာ ရွတ်ဆိုပူဇော်ပြိုင်ပွဲကို နိုဝင်ဘာ ၂၃ ရက်နှင့် ၂၄ ရက်တို့တွင် ပြိုင်ပွဲဝင်အသင်း ၁၂ သင်းဖြင့်   ရွတ်ဆိုယှဉ်ပြိုင် ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger