www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 30, 2018

မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) (၁၉)ကြိမ်မြောက် အစည်းအဝေး ပြုလုပ်

မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) (၁၉)ကြိမ်မြောက် အစည်းအဝေး ပြုလုပ်

မွန်ပြည်နယ် နေပြည်တော် အောက်တိုဘာ ၂၉
-
မွန်ပြည်နယ်ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ(JMC-S)၏ (၁၉)ကြိမ်မြောက် အစည်းအဝေးကို  ယနေ့နံနက်ပိုင်းတွင်  မော်လမြိုင်မြို့ရှိ ကော်မတီရုံးအစည်းအဝေး ခန်းမ၌ပြုလုပ်ရာ မွန်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး ဆိုင်ရာပူးတွဲစောင့်ကြည့်ရေး ကော်မတီဥက္ကဋ္ဌ အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်၊ ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် အရပ်သားကိုယ်စားလှယ်များ တက်ရောက်ကြသည်။
-
ဦးစွာ ကော်မတီဥက္ကဋ္ဌ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ဒုတိယဥက္ကဋ္ဌနှင့်    ကော်မတီဝင်များက ကော်မတီ၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးကြရာ တိုင်းမှူးက လိုအပ် သည်များ ညှိနှိုင်းဆောင်ရွက် ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
-
(၁ဝဝ)
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger