www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 26, 2018

၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ အနက် စင်ကာပူနိုင်ငံက အများဆုံး ဝင်ရောက်ထား

၂ဝ၁၈  ခုနှစ် ဧပြီလမှ စက်တင်ဘာလအထိ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများ အနက် စင်ကာပူနိုင်ငံက အများဆုံး ဝင်ရောက်ထား

ရန်ကုန် အောက်တိုဘာ ၂၅
-
၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ ပြည်တွင်းသို့ နိုင်ငံခြားသား ဝင် ရောက်ရင်းနှီး မြှုပ်နှံမှုများတွင် စင်ကာပူနိုင်ငံမှ အများဆုံးဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
-
စင်ကာပူနိုင်ငံမှ အမေရိကန်ဒေါ်လာ သန်း ၇ဝဝ ကျော်ဖြင့် ရင်းနှီးမြှုပ်နှံမှုအများ ဆုံးဝင်ရောက်ခဲ့ပြီး တရုတ်နိုင်ငံမှ အမေရိကန်ဒေါ်လာသန်း ၃ဝဝ ဖြင့် ဒုတိယအများ ဆုံးဝင်ရောက်ခဲ့ကာ ဗြိတိန်မှ အမေရိကန်ဒေါ်လာ  ၁၇၄  သန်းကျော်ဖြင့်  တတိယ အများဆုံး ဝင်ရောက်ပြီး  စတုတ္ထအများဆုံး အဖြစ် ဂျပန်နိုင်ငံမှ အမေရိကန်ဒေါ်လာ ၁၃၄ သန်းကျော်ဖြင့် ဝင်ရောက်ခဲ့ခြင်းဖြစ်သည်။
-
ပြည်တွင်းရှိ ကုန်ထုတ်လုပ်မှုကဏ္ဍတွင် အများဆုံး ဝင်ရောက်ခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးကဏ္ဍ၊ အိမ်ရာ တည်ဆောက်ရေးကဏ္ဍ၊ စွမ်းအားကဏ္ဍ၊ လယ်ယာစိုက်ပျိုး ရေးကဏ္ဍ၊ မွေးမြူရေးနှင့် ငါးလုပ်ငန်းကဏ္ဍ၊ စက်မှုအိမ်ရာ ကဏ္ဍ၊  ဟိုတယ်နှင့်ခရီးသွား ကဏ္ဍ၊ သတ္တုတူးဖော်ရေး လုပ်ငန်းကဏ္ဍနှင့် တခြားဝန်ဆောင်မှု ကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံ ခဲ့ကြသော်လည်း  ရေနံနှင့်ဓာတ်ငွေ့ကဏ္ဍနှင့်  ဆောက်လုပ်ရေးကဏ္ဍတို့တွင်  နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုမရှိကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
-
ပြည်တွင်းသို့ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုမှာ ၂ဝ၁၅-၂ဝ၁၆ ဘဏ္ဍာနှစ်တွင် အမေ ရိကန်ဒေါ်လာ ၉ ဘီလီယံကျော်၊ ၂ဝ၁၆-၂ဝ၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ  ၆ ဘီလီယံကျော်၊ ၂ဝ၁၇ -၂ဝ၁၈ ဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ ၆ ဘီလီယံနီးပါး ဝင်ရောက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ် ဧပြီလမှ စက်တင်ဘာလကုန်အထိ ဘဏ္ဍာနှစ်ကြားကာလ ခြောက်လတာအတွင်း နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုမှ အမေရိကန်ဒေါ်လာ ၃ ဘီလီယံ ရရှိရန်  လျာထားသော်လည်း  ၂  ဘီလီယံ နီးပါးသာ ရရှိခဲ့သဖြင့် လျာထားချက် မပြည့်မီခဲ့ကြောင်း  ရင်းနှီးမြှုပ်နှံမှုနှင့်  ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger