www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 30, 2018

မီဒီယာရဲ့ဖုံးကွယ်မှု နောက်မှာ ပျောက်ကွယ်နေသည့် ရခိုင်ပြည်နယ်ဖြစ်စဉ်၏ အမှန်တရားများ ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲမှ ဆွေးနွေးမှုများ

မီဒီယာရဲ့ဖုံးကွယ်မှု နောက်မှာ ပျောက်ကွယ်နေသည့် ရခိုင်ပြည်နယ်ဖြစ်စဉ်၏ အမှန်တရားများ ခေါင်းစဉ်ဖြင့် စကားဝိုင်း ဆွေးနွေးပွဲမှ ဆွေးနွေးမှုများ

ယမန်နေ့မှအဆက်
-
ဒေါက်တာအေးချမ်း - နောက်ထပ်ဆွေးနွေးမယ့် အဖွဲ့ဝင်ရှိနေသေးတဲ့ အတွက် ကျွန်တော် အတိုချုံးပဲ မေးပါမယ်။ ဒီတော့ အဓမ္မကျင့်မှု၊ မီးရှို့မှု၊ လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှု တို့လိုမျိုး ဆိုးရွားတဲ့ အရာတွေက  မြန်မာ့ တပ်မတော်ဆီကိုပဲ ဦးတည်လာနေပါတယ်။
-
ဒီစွပ်စွဲချက်တွေ အားလုံးကလည်း မြန်မာ့ တပ်မတော်ကိုပဲ စွပ်စွဲထားပါတယ်။  ဒီနေ့ ဒီအချိန်မှာ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေကို ICC တင်ဖို့အတွက်ကိုလည်း သူတို့က ထောက်ခံနေပါတယ်။ ဒီလိုလုပ်ရတဲ့ ရည်ရွယ်ချက်က ဘာလဲလို့  မစ္စတာဟိုက်ဇမန်း အနေနဲ့ ထင်ပါသလဲ။ ဒီမေးခွန်းဟာ နိုင်ငံတကာ တရားရေးအဖွဲ့တွေအတွက်  အလွန်ကို စိုးရိမ်ပူပန်စေမှာ ဖြစ်တဲ့အတွက် ဒါဟာ ဖြစ်နိုင်တယ်လို့ ထင်ပါသလား။   ဒါပေမဲ့ ကျွန်တော့်အနေနဲ့ မေးချင်တာက မစ္စတာဟိုက်ဇမန်း အနေနဲ့  ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နေပါသလဲ။
-
မစ္စတာရစ်ဟိုက်ဇမန်း -    ကောင်းပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ICC ဆိုတာ တကယ့်ကို ဟာသတစ်ခုပါပဲ။ ဒါပေမဲ့ ဘယ်သူတွေကို ICC ကိုတင်သင့်တာလဲ။ အတ္တာအူလာနဲ့ တခြား ARSA အဖွဲ့ခေါင်းဆောင်တွေကိုလား။ ဒါကိုဘယ်သူမှ ဘာဖြစ်လို့ မစဉ်းစားတာလဲ။ အကြမ်းဖက်သမားတွေက ဘာကြောင့်အကြမ်းဖက် တိုက်ခိုက်မှုတွေကို နောက်တစ်ကြိမ် ထပ်လုပ်ရတာလဲ။ သူတို့နဲ့အတူ  အကြမ်းဖက် တိုက်ခိုက်မှုမှာ ထဲထဲဝင်ဝင် ပါဝင်တဲ့    ပါကစ္စတန်နိုင်ငံသားတချို့နဲ့ မလေးရှားနိုင်ငံသား တချို့ကို ICC ကို တင်သင့်ပါတယ်။
-
ပြီးခဲ့တဲ့နှစ် တိုက်ခိုက်မှုတွေမဖြစ်မီ သီတင်းပတ်နှစ်ပတ်ခန့် အလိုမှာ  အတ္တာအူလာရဲ့ ဖုန်းနံပါတ်ကို ရရှိခဲ့ပါတယ်။ အဲဒီဖုန်းနံပါတ်ကို ကြားဖြတ်နားထောင်ကြည့်တဲ့ အခါမှာ တိုက်ခိုက်မှုတွေမတိုင်မီ အတ္တာအူလာဟာ အလွန်အရေးပါတဲ့ ဖုန်းခေါ်ဆိုမှုသုံးခုကို လက်ခံခဲ့တာတွေ့ရပါတယ်။ ဖုန်းခေါ်ဆိုမှုနှစ်ခုက  ပါကစ္စတန်ဗိုလ်ချုပ်ကြီး တစ်ဦးဆီကဖြစ်ပြီး ကျန်တစ်ခုက ဆီးရီးယားမှာ ရှိတဲ့ ISIL အကြမ်းဖက်အဖွဲ့ ခေါင်းဆောင်ဆီက နေဖြစ်ပါတယ်။ ကျွန်တော်တို့မှာ အဲဒီဖုန်းပြောဆိုမှု အသံဖိုင်နဲ့ ကြားဖြတ်နားထောင်မှုကနေ ရတဲ့ တခြားအပြန်အလှန် ပြောဆိုမှုတွေ ရရှိထားပါတယ်။ အတ္တာအူလာအနေနဲ့ သူ့ဖုန်းဟာ ကြားဖြတ်နားထောင်ခံနေရတယ် ဆိုတာကို မသိပါဘူး။ ဒါကြောင့် ဒီလူတွေ အားလုံးဟာ ICC ကိုတင်သင့်တဲ့ လူတွေပါပဲ။
-
ကျွန်တော်ဟာ ကိုယ်မသိတဲ့ အကြောင်းအရာတွေအတွက် တပ်မတော်ကို အပြစ်တင် ပုတ်ခတ်တာ မရှိပါဘူး။  ICC မှာ တစ်စုံတစ်ဦးကို  ဖမ်းဆီးထိန်းသိမ်းထားဖို့ ဒါမှမဟုတ်  သူတို့ဆီကိုခေါ်ယူဖို့ အခွင့်အာဏာ မရှိပါဘူး။
-
ဒေါက်တာအေးချမ်း - နောက်ထပ်သိလိုတာက မြို၊ ဒိုင်းနက်၊ ခမီနဲ့ သက် တို့လိုမျိုး ရခိုင် တိုင်းရင်းသားမဟုတ်တဲ့ တခြားလူနည်းစု ဗုဒ္ဓဘာသာဝင်တွေ အကြောင်းဖြစ်ပါတယ်။ ဒီနေ ရာမှာ မြိုဆိုတာ ဗုဒ္ဓဘာသာဝင်တွေ မဟုတ်ပါဘူး။ သူတို့ဟာ သစ်ပင်တောတောင်တွေကို သက်ရှိပုဂ္ဂိုလ်အနေနဲ့ ကိုးကွယ်တဲ့ သူတွေဖြစ်ပါတယ်။ကျွန်တော့်အနေနဲ့ ခမောင်းဆိပ် ကျေးရွာကိုသွားပြီး ရွာသားတချို့နဲ့ တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ သူတို့က ကျွန်တော့်ကို ဘာပြောလဲဆိုတော့ ယောက်ျားသား ၁ဝ၈ ယောက် ပျောက်ဆုံးနေတဲ့အကြောင်း၊ ပျောက် ဆုံးနေသူတွေထဲကမှ အလောင်း ၆၄ လောင်းပဲ တွေ့တဲ့အကြောင်း ပြောပါတယ်။ ဒီတော့ ဆင်းရဲဒုက္ခခံစားရတဲ့ ဒီလူနည်းစုတွေနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ထပ်ပြောပြပေး နိုင်မလား။
-
မစ္စတာရစ်ဟိုက်ဇမန်း - ရပါတယ်။ သိတဲ့အတိုင်းပဲ ကျွန်တော်က တရုတ်၊ ဗီယက်နမ်၊ မြန်မာအစရှိတဲ့ နိုင်ငံတွေမှာရှိတဲ့ လူနည်းစုတွေအပေါ် စိတ်ဝင်စားပါတယ်။ ဒီလိုလူ နည်းစုတွေရှိတဲ့ ဒေသတွေမှာပဲ ကျွန်တော် အချိန်ကုန်ခဲ့တာ များပါတယ်။  ပထမဆုံး အနေနဲ့ ဒီလူနည်းစု တိုင်းရင်းသားတွေ ရခိုင်ပြည်နယ်မှာ နေထိုင်လာတဲ့ သက်တမ်းဟာဆိုရင် အစ္စလာမ်ဘာသာဝင်တွေထက် များစွာစောပါတယ်။ သူတို့ရဲ့လူဦးရေ စုစုပေါင်းက ၁ဝဝဝဝ ကနေ ၂ဝဝဝဝ ကြားမှာသာ ရှိတော့တဲ့အတွက် တကယ့်ကိုကြီးမားတဲ့ အန္တရာယ် နဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။ သူတို့ဟာ တောင်ကုန်းတွေပေါ်မှာ နေထိုင်နေကြပါတယ်။ ဒါပေမဲ့ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့နဲ့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်း သာခွင့် အဖွဲ့တို့က  ဒီလိုလူနည်းစုတွေကို လုံးဝလျစ်လျူရှုထားတာက  ကျွန်တော့်အတွက် စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။
-
အထက်မှာပြောခဲ့သလိုမျိုး လူနည်းစုတွေရဲ့ အခြေအနေတွေကို လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့တွေရဲ့ အစီရင်ခံတင်ပြချက်တွေမှာ တွေ့ရမှာ မဟုတ်ပါဘူး။ ဒီလိုအဖွဲ့တွေ မရှိဘူးဆိုရင်တောင်မှ ကျွန်တော်တို့က ဒီလူတွေ ရှင်သန်ဖို့အတွက် အကူအညီပေးရမှာပါ။
-
ပြီးခဲ့တဲ့ ခရီးစဉ်တုန်းက ကျွန်တော် ခမီ၊ သက်၊ ဒိုင်းနက်နဲ့ မြိုကျေးရွာတို့ကို သွားပြီး တွေ့ဆုံမေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ သူတို့အားလုံးဟာ ဘင်္ဂါလီတွေကို အတိုင်းအတာ တစ်ခုအထိအောင် ကြောက်နေရပါတယ်။ သူတို့ထဲက  တစ်ယောက်ပြီးတစ်ယောက် အသတ်ခံနေရတဲ့အတွက် သူတို့နေရာတွေကနေ ထွက်ခွာဖို့ လုပ်ဆောင်နေပါတယ်။ သူတို့အနေနဲ့ ခရုကောက် မထွက်နိုင်တဲ့အပြင် တောထဲလည်း မသွားနိုင်တော့ပါဘူး။ သူတို့ ဟာ မကြာခဏဖြစ်လေ့ရှိတဲ့ ချုံခိုတိုက်ခိုက်ခံရမှာကိုလည်း စိုးရိမ်ကြောက်လန့် နေကြပါ တယ်။ ဒါကြောင့်သူတို့ဟာ မြေပြန့်ဒေသကို ဆင်းလာရပါလိမ့်မယ်။ မြေပြန့်ဒေသက သူတို့ရဲ့မွေးရပ်မြေ မဟုတ်ပေမယ့်လည်း ကားလမ်းတွေနဲ့ စစ်စခန်းတွေက သူတို့အနားမှာရှိ တဲ့အတွက် လုံခြုံမှုကိုဖြစ်စေပါတယ်။ လက်ရှိ သူတို့ရဲ့ရွာနားမှာ ရဲတပ်ဖွဲ့ဝင် ၁ဝ ဦးသာရှိ ပါတယ်။ ထင်းခွေ၊ ရေခပ်၊ ခရုကောက်နဲ့ ဘယ်လိုအရာမျိုးကိုမဆို လုပ်ဖို့အတွက် သူတို့ နဲ့အတူ ရဲတပ်ဖွဲ့ဝင်တစ်ဦး လိုက်ရပါတယ်။ ဒါကြောင့် သူတို့ဟာ လုံးဝကို ပိတ်မိနေပြီး မချင့်မရဲဖြစ်နေရပါတယ်။ ဘင်္ဂါလီတွေက သူတို့ကို ဘာကြောင့်သတ်နေရတယ်ဆိုတာကို သူတို့က လုံးဝမသိပါဘူး။ သူတို့ဟာ ဟိန္ဒူ ဘာသာဝင်တွေ၊ ဗုဒ္ဓဘာသာဝင်တွေနဲ့လည်း သင့်မြတ်အောင်  နေထိုင်နိုင်ကြပါတယ်။
-
တကယ်တမ်းပြောရရင် ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဘင်္ဂါလီတွေက လွဲပြီး ဘယ်သူမဆို သင့်မြတ်အောင် နေထိုင်နိုင်ကြပါတယ်။ ဘင်္ဂါလီတွေက ဘယ်သူနဲ့မှ သင့်မြတ်အောင် မနေ နိုင်ကြပါဘူး။ ဘယ်သူကမှလည်း သူတို့နဲ့ အတူမနေချင်ကြပါဘူး။
-
ဒေါက်တာအေးချမ်း - အခု ကျွန်တော်တို့က ကပ္ပလီပင်လယ် အတွင်းမှာရှိတဲ့ ရိုဟင်ဂျာ လှေစီးသွားလာသူတွေနဲ့ သူတို့ကို ထိုင်းရေတပ်နဲ့ တစ်ခါတစ်ရံ မြန်မာ့တပ်မတော်(ရေ) ကတားမြစ်၊ ဖမ်းဆီးမှုလုပ်တဲ့ သတင်းတွေကို ဖတ်ရပါတယ်။ ကျွန်တော် ဘင်္ဂလားဒေ့ရှ်ကို ရောက်နေတဲ့ ၂ဝဝ၉ ခုနှစ် မတ်လ ၁၃ ရက် တုန်းက ဒေးလီးစတားသတင်းစာကို ဝယ်ယူ ဖတ်ရှုခဲ့ပါတယ်။ အဲဒီမှာသတင်းတစ်ပုဒ်ကို ကျွန်တော်ဖတ်လိုက်ရပါတယ်။ ဘာသတင်း လဲဆိုတော့ ထိုင်းရေတပ်က အဲဒီလှေစီးသွားလာသူတွေကို ဖမ်းလိုက်တယ်ဆိုတဲ့ သတင်းပါ။ ပထမတော့ သူတို့က မြန်မာနိုင်ငံမှ ရိုဟင်ဂျာတွေဖြစ်တယ်ဆိုပြီး ပြောပါတယ်။ ဒါ့ပြင် မြန်မာအစိုးရရဲ့ ဖိစီးနှိပ်စက်မှုကိုလည်း ခံနေရတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူတို့ဟာ မလေးရှားနိုင်ငံမှာ ခိုလှုံခွင့်တောင်းခံဖို့ ထွက်လာရတယ်ဆိုပြီး ပြောပါတယ်။ နောက်ပိုင်း မှာတော့ ထိုင်းရေတပ်ကသူတို့အားလုံးကို ထောင်ချလိုက်ပါတယ်။
-
ဖမ်းဆီးထောင်ချခံရသူတွေထဲမှာမှ ၁၄ဦးကသာ သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံမှ ရိုဟင်ဂျာလို့ ခေါ်သူတွေဖြစ်ပါတယ်။ ကျန်တဲ့လူ  ၇ဝ က ဘင်္ဂလားဒေ့ရှ်မှ ဖြစ်ပါတယ်။ သူတို့က ဘင်္ဂလားဒေ့ရှ် ပတ်စပို့တွေကို ထုတ်ပြပါတယ်။ ဒါကြောင့် လှေစီးသွားလာသူတွေထဲ မှာ ၈ဝ ရာခိုင်နှုန်းလောက်က ဘင်္ဂလားဒေ့ရှ် နိုင်ငံသားတွေဖြစ်ပြီး သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ခေါ်တဲ့သူတွေလို ဟန်ဆောင်တယ်လို့ ကျွန်တော်သုံးသပ်ပါတယ်။  မစ္စတာဟိုက်ဇမန်း အနေနဲ့ ဘယ်လိုထင်ပါသလဲ။
-
မစ္စတာရစ်ဟိုက်ဇမန်း - လွန်ခဲ့တဲ့ ခုနစ်နှစ်က ကျွန်တော်ကိုယ်တိုင် လှေစီးသွားလာသူတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းရုပ်ရှင်တစ်ခု လုပ်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုရင်  ဥရောပမှာ နဂိုကတည်းက အခြေချနေထိုင်တဲ့ ဥရောပ အခြေစိုက်ရိုဟင်ဂျာတွေလို့ ခေါ်တဲ့ ဘင်္ဂါလီ ခေါင်းဆောင်တွေရဲ့ ဗီဒီယိုကနေ သတင်းစကားတွေကို ကျွန်တော်လက်ခံ ရရှိခဲ့လို့ဖြစ်ပါတယ်။ သူတို့က ဘင်္ဂါလီစကားပဲ   ပြောပါတယ်။  ကျွန်တော့်မှာ ဘင်္ဂါလီစကားပြန် တစ်ယောက်ရှိပါတယ်။ သူတို့က အဲဒီဗီဒီယိုထဲမှာ ဘာပြောထားလဲဆိုရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံအနီးမှာရှိတဲ့ မူဆလင်တွေအနေနဲ့ အနောက်နိုင်ငံတွေကို ဘယ်လိုမျိုးအလွယ်တကူ လာရောက်နိုင်တယ် ဆိုတာကို အကြံပေးထားတာနဲ့ ပတ်သက်ပြီး ပြောဆိုထားတာ ဖြစ်ပါတယ်။ အဲဒီအတွက်သူတို့က မူဆလင်တွေကို ငွေပေးပါတယ်။ အဓိကကတော့ငွေပါပဲ။ အိန္ဒိယ၊ ပါကစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်တို့မှာရှိတဲ့ မူဆလင်တွေအားလုံး ဒါကာမြို့ကို လာကြပါတယ်။ အဲဒီအခါမှာ မုတ်ဆိတ်ရှည်ထားပြီး အနောက်တိုင်း ဝတ်စုံဝတ်ထားတဲ့ အမျိုးသားတစ်ဦးက သူတို့ပြောရမယ့် ရိုဟင်ဂျာစကားတွေကို သင်ပေးပါတယ်။   အဲဒီနောက် UNHCR က မေးခွန်းတွေ မေးလာပါမယ်။ အဲဒီအခါမှာ သူတို့က မြန်မာနိုင်ငံမှာရှိတဲ့ ကျေးရွာတစ်ရွာက ဖြစ်တယ်ဆိုပြီး ပြောဖို့သင်ပေးပါတယ်။ အဲဒီအမျိုးသားက မတူညီတဲ့သူတွေကို မတူညီတဲ့ နာမည်တွေ ပေးပါတယ်။ သူတို့က မြေပုံမြို့ကဖြစ်တယ်။ သူတို့အနေနဲ့ပြောရမှာက ဒါပဲဖြစ်တယ် ဆိုပြီး အဲဒီအမျိုးသားက သင်ပေးသွားပါတယ်။
-
ဒီဗီဒီယိုဟာ BBC တို့၊ CNN တို့လိုမျိုး သတင်းဌာနတွေဆီကို ရောက်သွားပါတယ်။ ဘင်္ဂါလီတွေက နောက်ကွယ်မှာ သူတို့ကိုယ်တိုင် ပြောဆိုတာတွေ ရှိပါတယ်။  အဲဒါကတော့ ဒီမီဒီယာတွေက ငါတို့ပိုင်ဆိုင်တဲ့ မီဒီယာတွေ ဖြစ်တယ်ဆိုပြီး ပြောတာဖြစ်ပါတယ်။ သူတို့က ကမ္ဘာ့မြေပုံကြီးကိုပြပြီးတော့  ဆက်ပြောပါသေးတယ်။ ဘာပြောလဲဆိုတော့ မင်းတို့အားလုံးက ဟီဂျရာရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ် ဆိုတာမမေ့ပါနဲ့လို့ ဆိုပါတယ်။ ဟီဂျရာဆိုတာ ကမ္ဘာကိုလူဦးရေနဲ့ လွှမ်းမိုးဖို့လုပ်ဆောင်တာကို ဆိုလိုတာဖြစ်ပါတယ်။ များပြားလှတဲ့လူ တွေက ဒီနည်းလမ်းအတိုင်း ရွှေ့ပြောင်းသွားလာကြခြင်းဖြင့် သူတို့ဟာ မူဆလင်တွေဖြစ် လာကြပါတယ်။ ဒီဗီဒီယိုဟာ မယုံနိုင်လောက်အောင် ဖြစ်ရပါတယ်။ သုံးရက်လောက်သာ အချိန်ရမယ်ဆိုရင် ဒီထက်များတဲ့အကြောင်း အရာတွေကို ကျွန်တော်ပြသနိုင်ပါတယ်။
-
ဒီတော့ အခြေခံအားဖြင့် ပြောရမယ်ဆိုရင် ဒီမူဆလင်တွေ အားလုံးဟာ  ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနဲ့ ပါကစ္စတန်တို့ကနေ လာကြတာဖြစ်ပါတယ်။ သူတို့က ရိုဟင်ဂျာတွေအဖြစ် ဟန် ဆောင်ကြပါတယ်။ သူတို့လှေပေါ် ကိုရောက်သွားတဲ့အခါမှာ ကောင်လေးတစ်ယောက်က သူတို့ကို အခုလိုပြောပါမယ်။ ''ခင်ဗျားတို့ အခု လှေပေါ်ကိုရောက်လာပြီ။ ဒီနေရာမှာ ခင်ဗျားတို့ရဲ့ စိတ်ကူးအဟောင်းတွေ၊ အရင်က ပြောခဲ့တဲ့စကားတွေကို  မေ့ပစ်ရမယ်။
-
ဒါမှသာ ပိပိ ရိရိလိမ်နိုင်မှာဖြစ်တယ်။'' ပြီးတဲ့အခါမှာ မုတ်ဆိတ်တွေနဲ့ ယောက်ျားသားတွေက ဓာတ်ပုံတွေထုတ်ပြပါမယ်။ သူတို့ထုတ်ပြတဲ့ ဓာတ်ပုံတွေဟာဆိုရင် စိတ်မချမ်းမြေ့ဖွယ်ကောင်းပြီး သူတို့က ငိုယိုနေကြပါတယ်။ အဲဒီနောက် လှေ စီးသွားလာသူတွေ အနေနဲ့ ဒီလိုမျိုးဖြစ်အောင် လုပ်ရမယ်ဆိုပြီး သူတို့ကပြောပါတယ်။
-
ယေဘုယျအားဖြင့် ပြောရရင် အဲဒီလှေက မလေးရှား ဒါမှမဟုတ် အင်ဒိုနီးရှားတို့ကို သွားဖို့ကြိုးစားပေမယ့်လည်း လူအဆမတန် များနေတာကြောင့် ထိုင်းနိုင်ငံဝန်းကျင်ကို ရောက်သွားပါတယ်။ ထိုင်းနိုင်ငံက သူတို့ရဲ့ ခရီးဆုံးပန်းတိုင် မဟုတ်ပါဘူး။  ဘာကြောင့် လဲဆိုရင် ထိုင်းနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဖြစ်ပါတယ်။ ဒါပေမဲ့ ထိုင်းနိုင်ငံကနေပြီး အင်ဒိုနီးရှား၊ မလေးရှား ဒါမှမဟုတ် သြစတြေးလျအထိ သွားဖို့က သူတို့ရဲ့ခရီးဆုံးပန်းတိုင် ဖြစ်ပါတယ်။ ဒါကြောင့် လှေစီးသွားသူတွေဆိုတာ နေရာပေါင်းစုံက လာကြတာဖြစ်ပါတယ်။ အများစုက ဒီနိုင်ငံကမဟုတ်ကြပါဘူး။ ကျွန်တော့်မှာရှိတဲ့ ဗီဒီယိုကိုကြည့်မယ်ဆိုရင် သူတို့ဟာ မြန်မာနိုင်ငံက မဟုတ်ဘူးဆိုတာကို   ရှင်းရှင်းလင်းလင်း သိရမှာဖြစ်ပါတယ်။
-
ဦးသန်းအေး - ဦးမောင်မောင်ငြိမ်း အနေနဲ့  စပြောလို့ရပါပြီ။
-
ဦးမောင်မောင်ငြိမ်း - မစ္စတာရစ်ဟိုက်ဇမန်း အနေနဲ့ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး အတွင်း ကျကျ သိရှိထားတယ်လို့ ကျွန်တော်တို့သိရပါတယ်။ အခုလိုမျိုး ဒေါက်တာအေးချမ်းနဲ့ အပြန်အလှန် ပြောဆိုပြီးတဲ့နောက် ဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး တာဝန်အရှိဆုံး အဖွဲ့အစည်းအတွင်းက လူတွေက ဘယ်သူတွေလဲဆိုတာကို ကျွန်တော့်အနေနဲ့သိချင် လာတာဖြစ်ပါတယ်။ ပြီးတော့ ဒီလိုဖြစ်လာတာကို မစ္စတာရစ်ဟိုက်ဇမန်း အနေနဲ့ဘယ် လိုထင်ပါသလဲ။
-
ဆက်လက်ဖော်ပြပါမည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger