www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, October 19, 2018

လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေး

လွှတ်တော်၏ ဥပဒေပြုရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေး
-
နေပြည်တော်    အောက်တိုဘာ   ၁၈

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်သည် မြန်မာနိုင်ငံဆိုင်ရာ ဖင်လန်နိုင်ငံ သံအမတ်ကြီး H.E.Ms.Riikka Laatu အား ယနေ့ မွန်းလွဲ ၁၂ နာရီ ၄၅ မိနစ်တွင် နေပြည်တော်ရှိ လွှတ်တော် အဆောက်အအုံ ပြည်သူ့လွှတ်တော်ဆောင် ဧည့်ခန်းမ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ်  ဖင်လန်-မြန်မာ  နှစ်နိုင်ငံလွှတ်တော် အချင်းချင်း ချစ်ကြည်ရင်းနှီးမှု ဆောင်ရွက်ရေး၊ ပညာရေး၊ ကျန်းမာ ရေး နှင့် သစ်တောရေးရာ ကဏ္ဍများ၊   ဒီမိုကရေစီဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းစဉ်များ တွင်ပူးပေါင်း ဆောင်ရွက်ရေး၊ ငြိမ်းချမ်းရေး ဆောင်ရွက်မှု လုပ်ငန်းစဉ်များတွင် နည်းပညာနှင့် အခြား အထောက်အပံ့များ ကူညီဆောင်ရွက် ပေးရေး၊ လွှတ်တော်၏ ဥပဒေပြုရေး ဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ရင်းနှီးပွင့် လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ ကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger