
နေပြည်တော် အောက်တိုဘာ ၂၅
-
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ မြို့လုံးဆိုင်ရာ သံဃာ့မဟာ ပဝါရဏာပွဲနှင့် ဆွမ်းဆန်တော်၊ ပစ္စည်းလေးပါး လောင်းလှူ ပွဲကို အောက်တိုဘာ ၂၄ ရက် နေ့လယ်ပိုင်းတွင် တောင်ငူမြို့၊ ရှေးဟောင်း သမိုင်းဝင် ရွှေဆံတော် စေတီတော် မြတ်ကြီး၌ပြုလုပ် ရာတောင်ငူမြို့၊ အောင်မြင်ဇေယျုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာနနာယက နိုင်ငံတော် ဗဟိုသံဃာ့ ဝန်ဆောင် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တဇဝနအမှူးပြုသော သံဃာတော်များနှင့် သာသနာ့ အနွယ်ဝင် သီလရှင်ဆရာကြီး၊ ဆရာလေးများ ကြွရောက်တော်မူကြပြီး တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မျိုးဝင်းနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံ ပြည်သူများ တက် ရောက်ကြသည်။
-

ထိုသို့ လောင်းလှူပူဇော်ကြရာတွင် သံဃာ့မဟာပဝါရဏာ ခံယူတော်မူကြသည့် သံဃာတော် ၂၇၅ပါးနှင့် သာသနာ့ အနွယ်ဝင် သီလရှင် ဆရာကြီး၊ ဆရာလေး ၁၂၅ ပါးတို့သည် စေတီတော်မြတ်ကြီး၏ အရှေ့ဘက်စောင်းတန်းမှ လက်ယာရစ် လှည့်လည် အလှူခံကြွရောက်တော်မူကြရာ တိုင်းမှူးနှင့် တက်ရောက်လာကြသူ များက ဆွမ်းဆန် တော်နှင့် ပစ္စည်းလေးပါး လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လောင်းလှူ ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ





No comments:
Post a Comment