www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, October 29, 2018

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၁၈ )သို့ တက်ရောက်မည့် ကိုယ်စားလှယ်များ ရောက်ရှိ

မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၁၈ )သို့ တက်ရောက်မည့် ကိုယ်စားလှယ်များ ရောက်ရှိ
နေပြည်တော် အောက်တိုဘာ ၂၈
-
မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ အထူးညီလာခံ(၂ဝ၁၈)သို့ တက်ရောက်မည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ညီလာခံ ကိုယ်စားလှယ်များသည် ခေတ္တတည်းခိုနေထိုင်မည့် နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်း(ရွာတော်)သို့ အသီးသီး ရောက်ရှိကြရာ ယနေ့နံနက်ပိုင်းတွင် မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ ဗဟိုစည်းရုံးရေး ကော်မတီမှ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။
-
ထို့အတူ ယနေ့ညနေပိုင်းတွင် ထပ်မံရောက်ရှိလာသည့် ညီလာခံ ကိုယ်စားလှယ် များအား မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်း အဖွဲ့ ဗဟိုစည်းရုံးရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဗိုလ်ချုပ်ငွေသိန်း(အငြိမ်းစား)နှင့် အမှုဆောင် အဖွဲ့ဝင်များက ကြိုဆိုနှုတ်ဆက်ကြသည်။
-
ယင်းနောက် ရောက်ရှိနေကြသည့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတို့မှ ညီလာခံ ကိုယ်စားလှယ်များအား တည်းခိုနေထိုင်သည့် အိပ်ဆောင်များ၌ သွားရောက်တွေ့ဆုံ၍ တစ်ဦးချင်း ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။ ထို့နောက် ဗိုလ်ချုပ်ငွေသိန်း(အငြိမ်းစား)နှင့် အဖွဲ့ဝင်များသည် ကိုယ်စားလှယ်များ တည်းခိုနေထိုင်သည့် အိပ်ဆောင်များ၊ စားရိပ်သာနှင့် ဆေးပေးခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။                (၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger