www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 21, 2018

မြန်မာ့တပ်မတော်ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ India Gate ရှိ Amar Jawan Jyoti ၌ ဂုဏ်ပြု ပန်းခွေချ၊ အိန္ဒိယကြည်းတပ်ဦးစီးချုပ်၊ အိန္ဒိယရေတပ်၊ ဒုတိယရေတပ်ဦးစီးချုပ်၊ အိန္ဒိယနိုင်ငံ ကာကွယ်ရေးဝန်ကြီးတို့နှင့် သီးခြားစီတွေ့ဆုံ ဆွေးနွေး





နေပြည်တော် ၂၁-၉-၂ဝ၁၈

အိန္ဒိယသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်ရောက်ရှိနေသည့် ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် စက်တင်ဘာ ၁၈ ရက် ဒေသစံတော်ချိန် နံနက် ၉ နာရီ ၂၀ မိနစ်တွင် India Gate သို့ရောက်ရှိရာ အိန္ဒိယကြည်းတပ်မှ Additional Director General of Ceremonial & Welfare ဖြစ်သူ Major General RP Kalita, SM, VSM နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။ ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက သူရဲကောင်းဗိမာန် Amar Jawan Jyoti ၌ ဂုဏ်ပြု ပန်းခွေချအလေးပြုပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။

ထို့နောက် အိန္ဒိယသမ္မတနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန South Block Lawns သို့ ရောက်ရှိရာ General Officer Commanding of Delhi Area ဖြစ်သူ Lieutenant General Asit Mistry AVSM, SM, VSM နှင့် တာဝန်ရှိသူများက ကြိုဆိုကြသည်။ ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်း ကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့အား စစ်ဆေးသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် အိန္ဒိယကြည်းတပ်ဦးစီးချုပ် General Bipin Rawat, UYSM, AVSM, YSM, SM, VSM, ADC အား South Block ရှိ ကြည်းတပ် ဦးစီးချုပ်ရုံးခန်း၌ တွေ့ဆုံခဲ့ပြီး နယ်စပ်ဒေသလုံခြုံရေး၊ တည်ငြိမ်ရေးနှင့် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံရေးပိုမို တိုးတက်ခိုင်မာ ရေး၊ ပူးပေါင်းဆောင်ရွက်မှုများပိုမိုတိုးမြှင့် ဆောင်ရွက်ရေးတို့နှင့်ပတ်သက်၍ အကျယ်တ၀င့် ဆွေးနွေး ခဲ့ကြသည်။

ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော်ကိုယ်စားလှယ် အဖွဲ့သည် အိန္ဒိယရေတပ်၊ ဒုတိယရေတပ်ဦးစီးချုပ် Vice Chief of Navy Staff ဖြစ်သူ Vice Admiral Ajit Kumar P, AVSM, VSM နှင့် တွေ့ဆုံ၍ တပ်မတော်(ရေ)နှစ်ရပ် အကြား ဆက်သွယ်ဆောင်ရွက်လျက်ရှိသော ကိစ္စရပ် များအား နှစ်ဦးနှစ်ဖက် အပြန်အလှန် အကျိုးစီးပွားဖြစ်ထွန်းအောင် ဆောင်ရွက်ရေး၊ အိန္ဒိယ သမုဒ္ဒရာလုံခြုံရေးအတွက် တတ်နိုင်သည့်ဘက်မှ ပူးပေါင်းဆောင်ရွက်မှုများပြုလုပ်ရေးတို့ကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အထိမ်းအမှတ်ပစ္စည်းနှင့် လက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေး အပ်ခဲ့ကြသည်။

ထို့နောက် ညနေပိုင်းတွင် မြန်မာ့တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် South Block သို့ ထပ်မံ သွားရောက်၍ အိန္ဒိယသမ္မတနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Mrs. Nirmala Sithraman နှင့် တွေ့ဆုံခဲ့ပြီး တပ်မတော်နှစ်ရပ်အကြား အပြန်အလှန် ချစ်ကြည်မှု၊ လေးစားမှုအပေါ်အခြေခံ၍ လက်ရှိပူးပေါင်း ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ အနာဂတ်တွင် တပ်မတော်နှစ်ရပ်အကြား ဆက်ဆံရေးနှင့် ပူးပေါင်း ဆောင်ရွက်ရေး ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့် ကိစ္စရပ်များအပြင် နယ်စပ်ဒေသ လုံခြုံတည်ငြိမ်အေးချမ်းရေးအပါအ၀င် မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် မြန်မာ့ တပ်မတော်၏ ကာကွယ်ရေးမူဝါဒ စသည်တို့နှင့်ပတ်သက်၍ အပြန်အလှန် အမြင်ချင်း ဖလှယ်ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger