www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, September 21, 2018

မအူပင်မြို့နယ်၊ မှန်ပင်ပရိယတ္တိ စာသင်တိုက်သို့ ဆွမ်းဆန်တော်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း၊ သံဃာတော်များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်





နေပြည်တော် ၂၁-၉-၂ဝ၁၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ မှန်ပင်ပရိယတ္တိ စာသင်တိုက်သို့ အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းလှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီ၊ လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းဆက်ကပ် လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါစာသင်တိုက်၌ ပြုလုပ်ရာ တိုင်းသံဃာ့ဝန်ဆောင် ဆရာတော်၊ တိုင်းဓမ္မစကူးလ် သြဝါဒါစရိယ ဒုတိယဥက္ကဋ္ဌ ဆရာတော် ညောင်ဝိုင်း ဓမ္မဒီပကျောင်းတိုက် ဦးစီးပဓာနနာယက ဘဒ္ဒန္တကာရုဏီက အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်မှူးချုပ်ရဲဝင်းဦး နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ တက်ရောက်ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ညောင်ဝိုင်းဓမ္မဒီပ ကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြသည်။ ထို့နောက် သံဃာတော်များအား တိုင်းစစ်ဌာနချုပ်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများက စုပေါင်းလှူဒါန်းသည့် ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆက်ကပ်လှူဒါန်းပြီး သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းကြသည်။ 

ထို့ပြင် တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေး အဖွဲ့က သံဃာတော် ၅ဝ ပါးတို့ကို အရိုး/ အကြောရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးရာ တိုင်းမှူးနှင့် အဖွဲ့ဝင်များက လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger