www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, September 25, 2018

ကားမှန်ကို အုတ်ခဲကျိုးများဖြင့် ပစ်ပေါက်ထွက်ပြေးသွားသူများအား ဖမ်းဆီးအရေးယူ



မန္တလေး ၂၅-၉-၂ဝ၁၈

မန္တလေး ချမ်းမြသာစည် မြို့နယ် ကျွန်းလုံးဥသျှောင် ရပ်ကွက်တွင် Light Truck ယာဉ်တစ်စီးကို အုတ်ခဲဖြင့်ထုကာ ထွက်ပြေးသွားသည့် လူသုံးဦးကို စက်တင်ဘာ ၂၃ရက်က ဖမ်းဆီးရမိခဲ့ကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့ရုံးမှ သိရသည်။

ကိုတူးတူးသည် စက်တင်ဘာ ၂၃ရက် နံနက်ဝဝနာရီက နေအိမ်၌ရှိနေစဉ် နေအိမ်ရှေ့သို့ ဆိုင်ကယ် တစ်စီးဖြင့် အမျိုးသား သုံးဦးရောက်ရှိလာပြီး ၎င်းပိုင် 8M/------Light Truck ယာဉ်ကို အုတ်ခဲကျိုးများဖြင့် ပစ်ပေါက်ထုခဲ့သဖြင့် ယာဉ်၏အရှေ့ လေကာမှန်နှင့် ဘေးတံခါးပေါက် မှန်များကွဲခဲ့သောကြောင့် ကိုတူးတူးမှ အော်ဟစ်တားမြစ်ရာ အဆိုပါ အမျိုးသား သုံးဦးက ဆဲဆိုပြီး မောင်းနှင်ထွက်ပြေး သွားခဲ့ကြောင်း သိရသည်။

ထိုသို့အုတ်ခဲကျိုးဖြင့် ပစ်ပေါက်သူများကို ရဲတပ်ဖွဲ့ကလိုက်လံ စုံစမ်းဖမ်းဆီးခဲ့ရာ ချမ်းမြသာစည်မြို့နယ် သံလျက်မှော်တောင် ရပ်ကွက်တွင် နေထိုင်သည့် ကျော်သူဝင်း(ခ) ဘွားကြီး၊ ဘိုဖြူ(ခ)ရှိုင်းကိုနှင့် ညိုချော(ခ) စန်းမိုးအောင်တို့ကို ဖမ်းမိခဲ့ကြောင်း သိရသည်။

အုတ်ခဲကျိုးဖြင့် ပစ်ပေါက်ခဲ့သူ သုံးဦးကို ဆက်လက်စစ်ဆေး ခဲ့ရာမှာ ၎င်းတို့သုံးဦး အသုံးပြုကာ စီးနှင်းနေသည့် မော်တော်ဆိုင်ကယ် သည်လည်း လွန်ခဲ့သည့်လများက လုယက်ယူခဲ့သည့် ဆိုင်ကယ်ဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ချမ်းမြသာစည်မြို့မရဲစခန်းက (ပ) ၄၄၅/၂ဝ၁၈၊ ရာဇာသတ်ကြီး ဥပဒေပုဒ်မ ၃၅၂/၅၄နှင့် ဆဲဆိုမှု၊ အကျိုးဖျက်ဆီးမှုအတွက် (ပ)၄၄၆/၂ဝ၁၈၊ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၄၂၇ အရ အမှုဖွင့်စစ်ဆေးနေကြောင်း သတင်းရရှိသည်။

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger