www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, August 27, 2018

မြဝတီမြို့တွင် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတစ်ဦးထံမှ ICE အဖြူရောင်ပုံဆောင်ခဲနှင့် စိတ်ကြွဆေးပြားများ ဖမ်းမိ



မြဝတီ ၂၇-၈-၂ဝ၁၈

ကရင်ပြည်နယ် မြဝတီမြို့တွင် သြဂုတ် ၂၅ရက် မွန်းလွဲ ၁နာရီ မိနစ် ၃ဝက ICE ဟုယူဆရသော အဖြူရောင်ပုံဆောင်ခဲ ၂၈ ဂရမ်ကာလတန်ဖိုးငွေကျပ် ၂၂၄ဝဝဝဝ နှင့် WY စာတန်းပါစိတ်ကြွ ဆေးပြား ၄ဝဝဝ အလေးချိန် ၄ဝဝ ဂရမ်ကာလ တန်ဖိုးငွေကျပ် ၁၂ဝဝဝဝဝဝ နှင့်မြန်မာငွေစက္ကူရောရာ ဆက်စပ် ပစ္စည်းများကို အမျိုးသားတစ်ဦး၊ အမျိုးသမီး နှစ်ဦးနှင့်အတူ ဖမ်းဆီး ရမိခဲ့ကြောင်း သိရသည်။

မြဝတီမြို့မရဲစခန်းမှ နယ်ထိန်းခေါင်းဆောင် ရဲအုပ်အောင်ချမ်းမွန် ဦးစီးအဖွဲ့တို့သည် မူးယစ်ဆေးဝါး သတင်းအရ မြဝတီမြို့ ဝါတောရပ် အမှတ် (၅) ရပ်ကွက်နေ မခင်ချစ်စုဝင်း (ခ)မချစ်စု၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ၎င်း၏ဝဲဘက် လက်အတွင်း ကိုင်ထားသည့် ICE ဟု ယူဆရသော အဖြူရောင်ပုံဆောင်ခဲ အလေးချိန် ၂၈ဂရမ်ကာလ တန်ဖိုးငွေကျပ် ၂၂၄ဝဝဝဝ၊ လက်ကိုင်ဖုန်းတစ်လုံးတို့ကို ရှာဖွေသိမ်းဆည်း ရမိခဲ့သည်။

စစ်ဆေးပေါ်ပေါက် ချက်အရ မြဝတီမြို့ အမှတ် (၄) ရပ်ကွက် မဂ္ဂင်လမ်း အိမ်ခန်းအမှတ် (D-3) နေဦးမိုးမြင့်ကျော်၊ မယွေးယွေးအောင်တို့ နေထိုင်သည့် တိုက်ခန်းကို ထိုနေ့ညပိုင်း ၈နာရီ ၄၅မိနစ်က ရဲအုပ်အောင်ချမ်းမွန် ဦးစီးအဖွဲ့က ဝင်ရောက်ရှာဖွေရာ အပြာရောင်ကပ်ခွာ အိတ်များဖြင့် ထည့်ထားသည့် WY စာတန်းပါ စိတ်ကြွဆေးပြား ၄ဝဝဝ အလေးချိန် ၄ဝဝ ဂရမ် ကာလတန်ဖိုးငွေကျပ် ၁၂ဝဝဝဝဝဝ၊ လက်ကိုင်ဖုန်းတစ်လုံး၊ မြန်မာငွေစက္ကူရောရာ ငွေကျပ် ၁၈ဝ၄ဝဝတို့ကို ရှာဖွေတွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ခင်ချစ်စုဝင်း (ခ) မချစ်စု၊ မိုးမြင့်ကျော်၊ ယွေးယွေးအောင်တို့ သုံးဦးကို မြဝတီ မြို့မရဲစခန်းက မယ(ပ)၁၂၃/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉(က)/၂ဝ(က) ၂၁ဖြင့် အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger