www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, August 24, 2018

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မော်စကိုမြို့ရှိ မြန်မာ့ထေရ၀ါဒ ဗုဒ္ဓ၀ိဟာရ ကျောင်းတိုက်သို့ရောက်ရှိ၊ သီတဂူဆရာတော်ကြီးအား ဖူးမြော်ကြည်ညို


ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက၊ တွဲဖက်ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမမဟာသဒ္ဓမ္မဇောတိကိကဓဇ၊မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရအား တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းစဉ်။

ရွှေကျင်နိကာယဥပဥက္ကဋ္ဌ မဟာနာယက၊ တွဲဖက်ရွှေကျင်သာသနာပိုင်သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိအဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဘဒ္ဒန္တဉာဏိဿရအား တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာ့ထေရဝါဒဗုဒ္ဓဝိဟာရကျောင်းတိုက် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ဖြည့်ဆည်းလှူဒါန်းဆောင်ရွက်ပေးမည့်အခြေအနေများ၊ သာသနာရေးဆိုင်ရာကိစ္စရပ်များ ဆွေးနွေးလျှောက်ထားစဉ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဓမ္မာရုံတည်ဆောက်ရန်နေရာနှင့် ကျောင်းတိုက်အားတိုးချဲ့ တည်ဆောက်ရန်နေရာများကို လိုက်လံကြည့်ရှုစဉ်။

နေပြည်တော် ၂၄-၈-၂ဝ၁၈

ရုရှားဖက်ဒရေးရှင်းနိုင်ငံသို့ ရောက်ရှိနေသည့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ရုရှားဖက်ဒရေးရှင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံ သံအမတ်ကြီး ဦးကိုကိုရှိန်၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဗိုလ်ချုပ် မိုးမြင့်ထွန်း၊ ဗိုလ်ချုပ် စိုးဝင်းနှင့် တပ်မတော်အရာရှိကြီးများလိုက်ပါပြီး ယနေ့နံနက်ပိုင်းတွင် မော်စကိုမြို့၊ ဘာလာရီးခါရပ်ကွက်ရှိ မြန်မာ့ထေရ၀ါဒ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်သို့ ရောက်ရှိကြသည်။

ဦးစွာတပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့်အဖွဲ့ဝင်များသည် ကျောင်းတိုက်အတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုပြီး ရုရှားနိုင်ငံသို့ သာသနာပြုခရီး ရောက်ရှိနေသည့် ရွှေကျင် နိကာယဥပဥက္ကဋ္ဌ မဟာနာယက၊ တွဲဖက်ရွှေကျင်သာသနာပိုင် သီတဂူကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု၊ အဂ္ဂမဟာသဒ္ဒမ္မဇောတိကဓဇ၊ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဘဒ္ဒန္တ ဉာဏိဿရအားဖူးမြော် ကြည်ညို ကြသည်။ ထို့နောက်သီတဂူ ဆရာတော်ကြီးမှ မော်စကိုမြို့ရှိ မြန်မာ့ထေရ၀ါဒဗုဒ္ဓ ၀ိဟာရကျောင်းတိုက် ရေရှည်တည်တံ့ ခိုင်မြဲစေရန်အတွက် ဆောင်ရွက်သင့်သည်များ ကိုမိန့်ကြားရာ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ကျောင်းတိုက်ရေရှည်တည်တံ့ ခိုင်မြဲရေး အတွက်လိုအပ်သည်များအား ဖြည့်ဆည်းလှူဒါန်း ဆောင်ရွက်ပေးမည့် အခြေအနေများအား ရှင်းလင်းလျှောက်ထားသည်။

ယင်းနောက် သီတဂူဆရာတော်ကြီးနှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့သည် မြန်မာ့ထေရ၀ါဒ ဗုဒ္ဓ၀ိဟာရကျောင်းတိုက်အတွင်း ဓမ္မာရုံတည်ဆောက်မည့် အခြေအနေများနှင့် ကျောင်းတိုက် တိုးချဲ့တည်ဆောက်ရန် စီစဉ် ဆောင်ရွက်နေမှုများ၊ ကမ္ဘာ့ယဉ်ကျေးမှု ပေါင်းစုံပြတိုက်ပန်းခြံအတွင်း ရွှေစည်းခုံစေတီတော် ပုံစံတူတည်ထား ကိုးကွယ်မည့် အခြေအနေများ၊ အသရာဒါဘာသာရေး ပန်းခြံအတွင်း ပုဂံခေတ်ဟန် ဓမ္မစကြာမုဒြာဗုဒ္ဓ ရုပ်ပွားတော် တည်ထား ကိုးကွယ်မည့် အခြေအနေများနှင့် သာသနာရေး ဆိုင်ရာကိစ္စရပ် များအားဆွေးနွေးကြသည်။

ထို့နောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က သီတဂူဆရာတော်ကြီးအား ၀ါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ အားလည်းကောင်း၊ တပ်မတော်အရာရှိကြီးများက သံဃာတော်များအား ၀ါဆိုသင်္ကန်းများအား လည်းကောင်း အသီးသီး လှူဒါန်းကြသည်။ ၎င်းနောက်တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဓမ္မာရုံတည်ဆောက်ရန်အတွက် အလှူငွေများအား ဂေါပကအဖွဲ့ထံ ပေးအပ်လှူဒါန်းပြီး သီတဂူဆရာတော်ကြီးနှင့် သံဃာတော်များ အားနေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် ဓမ္မာရုံတည်ဆောက်ရန်နေရာနှင့် ကျောင်းတိုက်အားတိုးချဲ့ တည်ဆောက်ရန် နေရာများအား လိုက်လံကြည့်ရှုရာ တာဝန်ရှိသူများက ရှင်းလင်း တင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger