www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 23, 2018

မန္တလေးမြို့ အိမ်ခြံမြေဈေးကွက်အတွင်း၌ အမြင့်ဆုံးဖြစ်ပေါ်သော ဈေးနှုန်းများ၏ ၂၅ ရာခိုင်နှုန်းခန့်ထိလျှော့ချကာ အရောင်းအဝယ်ပြုလုပ်နေရ



မန္တလေး ၂၃-၈-၂ဝ၁၈

မန္တလေးမြို့တွင် အိမ်ခြံမြေ ဈေးကွက်အတွင်း၌ အမြင့်ဆုံးဖြစ်ပေါ်သော ဈေးနှုန်းများ၏ ၃၅ ရာခိုင်နှုန်းခန့်ထိ လျှော့ချကာ အရောင်းအဝယ် ပြုလုပ်နေရကြောင်း အိမ်ခြံမြေဈေးကွက် အတွင်းမှ သိရသည်။

လက်ရှိ အိမ်ခြံမြေ ဈေးကွက်ကျဆင်း နေရခြင်းသည် နိုင်ငံ့စီးပွားရေး လည်ပတ်မှု နှေးကွေးမှုများအပြင် အခွန်နှုန်းထားများ မြင့်မားနေခြင်း၊ ကျူးကျော်ပြဿနာ၊ မြေယာအရှုပ်အရှင်း ကိစ္စရပ်များကြောင့် ဖြစ်ကြောင်း၊ အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့ လာစေရန် အခွန်နှုန်းထားများ လျှော့ချပေးရန်၊ မြန်မာနိုင်ငံ အိမ်ခြံမြေ ဝန်ဆောင်မှု ဥပဒေပေါ်ထွက်လာရန်နှင့် ပြည်ပရင်းနှီး မြှုပ်နှံမှုတို့လိုအပ်ကြောင်း ပုသိမ်ကြီးမြို့နယ်အတွင်းမှ အိမ်ခြံမြေဝယ်ရောင်း ပြုလုပ်သူတစ်ဦးက ပြောပြ၍ သိရသည်။

"မန္တလေးမြေဈေးကွက် အခြေအနေကတော့ ဝယ်လက်ပျောက်နေလို့ အရောင်းအဝယ် ကျနေတာကြောင့် မြေဈေးနှုန်းတွေလဲ ကျနေတယ်။ အခုအချိန်ထိ ဝယ်မယ့်သူတွေက ဈေးထပ်ကျဦးမလား မျှော်လင့်ချက်နဲ့ စောင့်ကြည့် နေကြပြီး ဝယ်ယူမှုတွေ တုံ့ဆိုင်းနေတယ်။ ဒီလိုဝယ်ယူဖို့ တုံ့ဆိုင်းနေတဲ့ အကျိုးဆက်က ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေလောကကို ကျဆင်းစေတယ်။ မြေဈေးတွေ ကျလာတယ်ဆိုပေမယ့် အများကြီးမဟုတ်ပါဘူး။ ဒီထက်ပိုပြီး ထပ်မကျလာနိုင် တော့ပါဘူး" ဟု ချမ်းမြသာစည်မြို့နယ်မှ အိမ်ခြံမြေ အကျိုးတော်ဆောင် တစ်ဦးက ပြောပြသည်။

ယခုနှစ်ဆန်းပိုင်းက ငွေကျပ်သိန်း ၁၅ဝခန့် ဈေးပေးဝယ်ယူမှု ရှိခဲ့သည့် မြို့သစ်ပိုင်းများမှ ပေ ၄ဝ ပတ်လည်မြေ ကွက်များမှာ ယခုအခါ ငွေကျပ်သိန်း ၁ဝဝ အောက်ဈေးခေါ်ရောင်းချ နေသော်လည်း ဝယ်ယူမှုမရှိကြောင်း၊ ယခုအခါစီပွားရေးလုပ်ငန်း လုပ်ကိုင်လိုသူ များသည်လည်း မြေအပိုင်ဝယ်ယူခြင်းထက် နှစ်ရှည်ငှားရမ်းခြင်းကို ပိုမိုစိတ်ဝင်စားမှု များလာသောကြောင့် အရောင်းအဝယ် ဖြစ်မှုထက်အငှား ဈေးကွက်ပို၍ ဖြစ်နေကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger