www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, August 2, 2018

ပီပါခွံတင်ဆောင်ထားသောယာဉ် စက်နှိုးရာမှ ဝိုင်ယာရှော့ခ်ဖြစ်၍ မီးလောင်



စစ်ကိုင်း ၂-၈-၂ဝ၁၈

စစ်ကိုင်းမြို့နယ် အုန်းတောကျေးရွာ စစ်ကိုင်း-ရွှေဘိုကားလမ်းဘေး ပီပါပိန်၊ဖောင်း၊ဖာလုပ်ငန်း ဝင်းအတွင်းရှိ ပီပါခွံများတင်ဆောင် ထားသော ယာဉ်တစ်စီးသည် ယနေ့နံနက် ၉နာရီက စက်နှိုးရာမှ ဘက်ထရီဝိုင်ယာရှော့ခ် ဖြစ်၍ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

အုန်းတောကျေးရွာ စစ်ကိုင်း-ရွှေဘိုကားလမ်းဘေးရှိ ပီပါပိန်၊ ဖောင်း၊ ဖာလုပ်ငန်းမှ ပြန်လည်ပြုလုပ် ပြီးပီပါများကို မန္တလေးမြို့သို့ ပြန်လည်တင်ပို့ရန် ပီပါအခွံ ၁၂ လုံးနှင့် ဒီဇယ်ပီပါနှစ်လုံး တင်ထားသော ကန်တာအမျိုးအစားယာဉ်တစ်စီးသည် ကားစက်နှိုးရာမှ ဘက်ထရီဝိုင်ယာရှော့ခ်ဖြစ်၍ မီးလောင်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း၊ ဝိုင်ယာကြိုးတစ်လျှောက်မှ ကားခေါင်းခန်းအတွင်းကို လောင်ခြင်းဖြစ်ပြီး ဆီပီပါများ မလောင်ကြောင်း စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးသူအောင်က ပြောပြသည်။

အဆိုပါ မီးလောင်ရာသို့ စစ်ကိုင်းမြို့မှ မီးငြှိမ်းသတ်ယာဉ် တစ်စီး၊ အုန်းတောကျေးရွာမှ မီးငြှိမ်းသတ်ယာဉ် တစ်စီးနှင့် မီးသတ်တပ်ဖွဲ့ဝင် ၁ဝ ဦးတို့ဖြင့် သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၉ နာရီ မိနစ် ၂ဝ တွင် မီးလုံးဝ ငြှိမ်းသတ်နိုင်ခဲ့ကြောင်း၊ မီးလောင်မှုကြောင့် ငွေကျပ်ခြောက်သိန်း ဆုံးရှုံးခဲ့ကြောင်း စစ်ကိုင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း ကျော်ဝင်းကို (ပ)၆၃/ ၂ဝ၁၈၊ ပြစ်မှုဆိုင်ရာပုဒ်မ-၂၈၅ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger