www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 17, 2018

ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အမာခံသတင်းပေးများကြောင့် ခိုးဝင်ဘင်္ဂါလီ ငါးဦးဖမ်းဆီးရမိ



မင်းလှ ၁၇-၇-၂ဝ၁၈

မကွေးတိုင်းဒေသကြီး မင်းလှ မြို့နယ်အတွင်း ကျေးရွာအုပ်ချုပ် ရေးမှူးများနှင့် အမာခံ သတင်းပေးများ၏ သတင်းပေး ပူးပေါင်းဖော်ထုတ် ခဲ့မှုကြောင့် ယနေ့မွန်းလွဲ ၁ နာရီမိနစ် ၃ဝ က ခိုးဝင်ဘင်္ဂါလီငါးဦးကို ဖမ်းဆီးရမိ ခဲ့ကြောင်း မင်းလှမြို့နယ် ရေနံနယ်မြေရဲကင်းမှ သိရသည်။

မင်းလှမြို့နယ်အတွင်း ရခိုင်ရိုးမနှင့် ဆက်စပ်နေသော ကျေးရွာများ၊ ပုသိမ်-မုံရွာ ကားလမ်း တစ်လျှောက်ရှိ ကျေးရွာများမှ အုပ်ချုပ်ရေးမှူးများနှင့် အမာခံသတင်း ပေးများထံမှ ခိုးဝင်ဘင်္ဂါလီလူမျိုးများကို ပူးပေါင်းဖော်ထုတ် ဖမ်းဆီးရမိရေး အစဉ်တစိုက် ဆောင်ရွက်လျက်ရှိရာ ယနေ့မွန်းလွဲ ၁ နာရီ မိနစ်၃ဝခန့်တွင် မင်းလှ မြို့နယ် သခွပ်ရင်းကျေးရွာ ရာအိမ်မှူးဦးမြင့်သိန်းက သခွပ်ရင်းကျေးရွာ အနောက်ဘက်သုံးမိုင်ခန့် သခွပ်ရင်းကျေးရွာနှင့် ခါးဇက်ကျေးရွာအကြား တောထဲတွင် ဘင်္ဂါလီလူမျိုးများဟု ယူဆရသည့် မသင်္ကာဖွယ်ရာ လူငါးဦးကို တွေ့ရှိသဖြင့် ဝိုင်းဝန်းဖမ်းဆီးကာ ခါးဇက်ကျေးရွာ ရွာလယ်ဇရပ်တွင် ထိန်းသိမ်းထားကာ ရေနံမနယ်မြေ ရဲကင်းစခန်းမှူးထံ ဆက်သွယ်လာသဖြင့် ရေနံမ နယ်မြေစခန်းမှူး ရဲအုပ်မျိုးမင်းထွန်းနှင့်အဖွဲ့က ကျေးရွာသို့သွားရောက်ကာ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများတွင် မူဟာမွတ်ရော်ဖီ ပလောင်တောကျေးရွာ မြောက်ဦးမြို့နယ် နေထိုင်သူပါ ငါးဦးကို ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ ဖမ်းဆီးရမိသော ဘင်္ဂါလီလူမျိုး အမျိုးသားငါးဦးကို မြို့နယ်လဝကအဖွဲ့နှင့် ပူးပေါင်း စစ်ဆေးကာ ဥပဒေနှင့်အညီ အရေးယူမှုများ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger