www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 10, 2018

ရွှေဘုံသာ ဘုရားဝင်းအတွင်း မြေကျင်းတူးရာမှ လူအရိုးဟုယူဆရသော အရိုးစုများတွေ့ရှိ



မန္တလေး ၁ဝ-၇-၂ဝ၁၈

မန္တလေး ချမ်းအေးသာစံမြို့နယ် ကဉ္စနမဟီရပ်ကွက် ၃၁လမ်းနှင့် ၇၇လမ်းထောင့်၊ အကွက် (၆၂၅)ရှိ ရွှေဘုံသာမြတ်စွာဘုရား ဝင်းအတွင်းတွင် ဗိမာန်တော်ကို တိုးချဲ့ဆောက်လုပ်ရန်အတွက် ယနေ့ညနေ ၃နာရီ ၄၅မိနစ်က မြေကျင်းတူးဖော်စဉ် လူအရိုးဟု ယူဆရသည့် အရိုးစုများတွေ့ရှိရကြောင်း သိရသည်။

"ရွှေဘုံသာမြတ်စွာ ဘုရားဝင်းအတွင်း ဗိမာန်တော်တိုးချဲ့ ဆောက်လုပ်ဖို့မြေကျင်း တူးဖော်နေစဉ် လူအရိုးဟု ယူဆရသည့် အရိုးစုတွေ တွေ့ရှိတာ မှန်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အခုစုံစမ်းစစ်ဆေးဆဲ ဖြစ်တဲ့အတွက် အတိအကျမပြော နိုင်သေးပါဘူး"ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ရွှေဘုံသာ မြတ်စွာဘုရား ဝင်းအတွင်း လွန်ခဲ့သော ၁ဝ နှစ်ခန့်က ခင်းကျင်းထားသည့် သမံတလင်းကို မြေကျင်းတူးဖော်ရာမှ လူအရိုးဟု ယူဆရသည့် အရိုးစုများတွေ့ရှိခဲ့ ခြင်းဖြစ်ပြီး သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့ရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းနိုင်နှင့်အဖွဲ့ ရောက်ရှိလာပြီး လူအရိုးဟု ယူဆရသည့် အရိုးစုများကို ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

လွန်ခဲ့သော နှစ်ပေါင်း ၂ဝ ကျော်က မန္တလေးဆင်ဖြူကန် သုသာန်ကို ရွှေပြောင်းစဉ် အဆိုပါသုသာန် ရွှေ့ပြောင်းရေး လုပ်ငန်းမှ အလုပ်သမားများသည် ရွှေဘုံသာ မြတ်စွာဘုရား တောင်ဘက်နားတွင် နေထိုင်ကြကြောင်း၊ သုသာန်ရွှေ့ပြောင်းရေး လုပ်ငန်းမှ အလုပ်သမားများသည် အလုပ်ပြန်လာချိန် အရိုးစုများ ယူဆောင်လာတတ်ကြောင်း၊ အဆိုပါ ယူဆောင်လာသော အရိုးစုများကို ရွှေဘုံသာ မြတ်စွာဘုရားဝင်းအတွင်း စွန့်ပစ်ခြင်းများရှိခဲ့ဖူးကြောင်း ရွှေဘုံသာမြတ်စွာဘုရား ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးအောင်တိုးက ပြောပြသည်။

ချမ်းအေးသာစံ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းနိုင်က ရွှေဘုံသာ မြတ်စွာဘုရားဝင်း အတွင်း တွေ့ရှိသော လူအရိုးဟု ယူဆရသည့် အရိုးစုများကို သုသာန်မြေ၌ မြေမြှုပ်စွန့်ပစ်ရန် ရွှေဘုံသာလူမှု ကူညီရေး အသင်းဥက္ကဋ္ဌ ဦးတင်အေးထံ ပေးအပ်ခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger