www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, July 10, 2018

ပလိပ်အင်းရေတိမ်ဒေသ ထိန်းသိမ်းပေးရန် သက်ဆိုင်ရာသို့စာတင်မည်



စဥ့်ကိုင် ၁ဝ-၇-၂ဝ၁၈

မန္တလေးတိုင်းဒေသကြီး စဥ့်ကိုင်မြို့နယ် ပလိပ်အင်း ရေတိမ်ဒေသကို မန္တလေးတိုင်း ဒေသကြီး အစိုးရအဖွဲ့က အမြန်ဆုံး ထိန်းသိမ်းပေးရန် သြဂုတ်လတွင် စာတင်မည် ဖြစ်ကြောင်း ပလိပ်အင်း ငှက်ချစ်သူအသင်းမှ သိရသည်။

ပလိပ်အင်း ရေတိမ်ဒေသတွင် ရေများစတင် ဝင်ရောက်လာပါက ဒေသမျိုးရင်း ရေငှက်များ လာရောက်ကျက်စားကြပြီး ဆောင်းကာလတွင်လည်း ဆောင်းခိုငှက်များ လာရောက်ကျက်စား ကြကြောင်း၊ ပလိပ်အင်းကို သဘာဝ အတိုင်းပြန်လည် ဖြစ်စေလိုကြောင်း ဒေသမျိုးရင်း ရေငှက်များနှင့် ဆောင်းခိုငှက်များ၏ နားခိုနိုင်ရန်၊ အစားအစာ ကွင်းဆက်များ ပြန်လည်ရရှိနိုင်ရန် အမြန်ဆုံး ဆောင်ရွက်ပေး စေလိုကြောင်း၊ အချိန်မီ ထိန်းသိမ်းရန် သက်ဆိုင်ရာ သို့ တင်ပြနိုင်ရေး တောင်းဆိုထားကြောင်း ပလိပ်အင်းဒေသခံများက ပြောပြ၍ သိရသည်။

"ပလိပ်အင်း ရေတိမ်ဒေသ ထိန်းသိမ်းရေးကို အခုလုပ်ရင်တောင် နောက်ကျနေပြီ။ အခုထလုပ်ဆိုပြီး အစိုးရက ငွေရေးကြေးရေးတွေ အလုံးအရင်းနဲ့ သုံးတောင် အတော်နောက်ကျ နေပြီ။ သဘာဝနယ်မြေ တစ်ခုအဖြစ် ပြန်လည် အသက်ဝင်လာဖို့ ငွေရေးကြေးရေး အလုံးအရင်းနဲ့ အသုံးပြုတာအပြင် ဒေသခံတွေနဲ့ ဌာနဆိုင်ရာတွေ တက်ညီလက်ညီ ပူးပေါင်းဖို့ လိုပါတယ်။ ဒါမှ ပလိပ်အင်းရဲ့ မူလသဘာဝအလှကို ပြန်လည် တွေ့မြင်နိုင်မှာပါ။ ပလိပ်အင်းမှာ
ရေဝင်တာနဲ့ ထိန်းသိမ်းဖို့ မကြာခင် စာတင်သွားမှာပါ" ဟု ပလိပ်အင်း ငှက်ချစ်သူ အသင်းဥက္ကဋ္ဌ ဦးမျိုးတင်မွှေးက ပြောပြသည်။

ယခုလအတွင်း ပလိပ်အင်း ရေတိမ်ဒေသ၌ ရေများဝင်ရောက်ချိန် ဖြစ်သော်လည်း သီးနှံစိုက်ပျိုးထားသော လယ်သမားများ ရိတ်သိမ်း မပြီးခြင်းကြောင့် ရေများကို ထိန်းထားခြင်းဖြစ်ပြီး လယ်သမား အားလုံးရိတ်သိမ်း ပြီးချိန် ဇူလိုင်လကုန် သြဂုတ်လဆန်း ပိုင်းတွင်ရေများ စတင်ဝင်ရောက် လာတော့မည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger