www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 5, 2018

မြင်းခြံမြို့နယ်တွင် မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိ



မြင်းခြံ ၅-၆-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီး မြင်းခြံမြို့တွင် သတင်းအရ ရှာဖွေရာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြင်းခြံ မြို့မရဲစခန်း နယ်ထိန်းခေါင်းဆောင် ဒုတိယရဲအုပ် နိုင်ဝင်းထွန်းနှင့် အဖွဲ့သည် ဇွန် ၃ ရက် ည ၉ နာရီမိနစ် ၃ဝ က မြင်းခြံမြို့ အမှတ် (၁၅) ရပ်ကွက် ဘောလုံးကွင်း အနောက်ဘက် လမ်းကြားသို့ မူးယစ်ဆေးဝါး သတင်းအရ သွားရောက် စစ်ဆေးခဲ့ရာ ဘောလုံးကွင်း အနောက်ဘက်တွင် ဝေဖြိုးအောင်၊ စုစုလှိုင် (ခ) မစုတို့ကို ရပ်လျက်တွေ့ရှိ၍ ဒုတိယရဲအုပ် နိုင်ဝင်းထွန်းနှင့် အဖွဲ့က စစ်ဆေးခဲ့သည်။

ထိုသို့စစ်ဆေးရာ ဝေဖြိုးအောင် စီးနင်းလာသော ဆိုင်ကယ်၏ တူးဘောက်အတွင်းမှ ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင်ကပ်ခွာ အိတ်ဖြင့်ထည့်ထားသည့် ၈၈/၁ စာတန်းတစ်ဖက်စီပါ ပန်းရောင်စိတ်ကြွ ဆေးပြား၁၉၄ပြား၊အစိမ်းရောင် နှစ်ပြား စုစုပေါင်း ၁၉၆ ပြားအလေးချိန် ၁၉ ဒသမ ၆ ဂရမ်ခန့် တန်ဖိုးငွေကျပ် ၅၈၈ဝဝဝ ခန့်နှင့်အတူ HONDA WAVE-100 နီ၊နက်ရောင် ဆိုင်ကယ်တစ်စီး၊ ၅ဝယ/---- HONDA WAVE-100 ခဲ၊နက်ရောင် ဆိုင်ကယ်တစ်စီး၊Y336-u02 HUAWEI အမျိုးအစား အဖြူရောင် ဖုန်းတစ်လုံးတို့ကို ဖမ်းဆီးရမိ ခဲ့သည်။

ထို့နောက် မြင်းခြံမြို့ အမှတ် (၁၃) ရပ်ကွက်ရှိ စုစုလှိုင် (ခ) မစုနေထိုင်သော အိမ်ကို ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ တွေ့ရှိမှုမရှိခဲ့ဘဲ မြင်းခြံမြို့ အမှတ် (၁၇) ရပ်ကွက်ရှိ ဝေဖြိုးအောင် နေထိုင်သော အိမ်သို့ ဝင်ရောက်ရှာဖွေရာ မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသည့် သုံးလက်စခဲပြား အပိုင်းအစ ငါးခု၊မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသော BLUE MOUNTAIN တံဆိပ်ပါ အချိုရည် ဘူးခွံ(အတွင်းတွင် အနီရောင်ရည်ပါ) အပြာရောင် အချိုရည်ပိုက် တပ်လျက်တစ်ဘူး၊ မရန်းရောင် ဂက်(စ်) မီးခြစ်တစ်လုံးတို့ကို ထပ်မံဖမ်းဆီး ရရှိခဲ့သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ ဝေဖြိုးအောင်၊ စုစုလှိုင် (ခ) မစုတို့ကို မြင်းခြံ မြို့မရဲစခန်းက မယ(ပ)၆/၂ဝ၁၈၊မူး/စိတ်ပုဒ်မ-၁၉(က)/၂ဝဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger