www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, June 5, 2018

ခရီးသွားကဏ္ဍဖွံ့ ဖြိုးတိုးတက်ရေး ဧည့်လမ်းညွှန်များတွင် ဘာသာစကားစွမ်းရည်၊ အသိပညာဗဟုသုတ ပြည့်စုံရန်လို



မန္တလေး ၅-၆-၂ဝ၁၈

ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ဧည့်လမ်းညွှန် များသည် ဘာသာစကား စွမ်းရည်၊ အသိပညာ ဗဟုသုတနှင့် စိတ်အားထက်သန်မှု တို့ပြည့်စုံမှသာ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်၍ အမျိုးသား အကျိုးစီးပွားကို ဖော်ဆောင်နိုင်မည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာန (အထက်မြန်မာပြည် ဌာနခွဲ) လက်ထောက်ညွှန်ကြား ရေးမှူးဦးစန်းယုက ပြောပြ၍ သိရသည်။

မန္တလေးမြို့တွင် ဧည့်လမ်းညွှန်လုပ်ငန်း လုပ်ကိုင်သူဦးရေ ၃ဝဝ ကျော်ရှိပြီး ၎င်းတို့အနက် တိုးဂိုက်နှင့် ဒေသခံဂိုက်ဟူ၍ နှစ်မျိုးရှိကြောင်း၊ ဧည့်လမ်းညွှန်သည် တိုင်းပြည်၏ ပုံရိပ်ကိုဖော်ပြ ပေးနေသူများ ဖြစ်ကြောင်း သိရသည်။

"ခရီးသွားကဏ္ဍ အောင်မြင်ဖို့အတွက် ခရီးသွားကဏ္ဍမှာ ပါဝင်တဲ့အဖွဲ့တွေ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ ခေတ်ပြိုင်ခရီးသွား ကဏ္ဍရဲ့ သဘောတရားကလဲ ခရီးသွားနဲ့ အောင်မြင်နေတဲ့ နိုင်ငံတွေအနေနဲ့ အမြဲတမ်း ချတိ ဆ် ကေ် နတယ။် ဒါကြောင့် သူတို့ဆီမှာ ဧည့်လမ်းညွှန်တွေ အရည်အချင်း ပြည့်မီဖို့ ဖြည့်ဆည်းပေးနေတဲ့ အချိန်မှာ ကျွန်တော်တို့ကလဲ ပတ်ဝန်းကျင် နိုင်ငံတွေနဲ့ Level ညှိနိုင်အောင် အစိတ်အပိုင်းတစ်ခု အနေနဲ့ သင်တန်းတွေ ဖွင့်လှစ် ပေးနေပါတယ်"ဟု ၎င်းက ပြောပြသည်။

လက်ရှိ မန္တလေးမြို့တွင် ခရီးသွား ကဏ္ဍဖွံ့ဖြိုး တိုးတက်စေရန်အတွက် ခရီးသွားလုပ်ငန်းနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများ၊ ဧည့်လမ်းညွှန်များကို မန္တလေး ဧည့်လမ်းညွှန် အသင်းက အင်္ဂလိပ်၊ဂျပန်၊ ဂျာမန်၊ ပြင်သစ်၊ တရုတ်၊ထိုင်းစသည့် ဘာသာစကား သင်တန်းကို ယနေ့မှစ၍ သြဂုတ် ၄ ရက်ထိ တစ်ပတ်လျှင် သုံးရက်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger