www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 25, 2018

အမှတ် (၉၃၇) အဆန်ကုန်ရထားနှင့် ထော်လာဂျီတိုက်မိ ယာဉ်မောင်းသေဆုံး



အင်းတော် ၂၅-၆-၂ဝ၁၈

စစ်ကိုင်းတိုင်း ဒေသကြီး အင်းတော်မြို့နယ် တရားမဝင် သံလမ်းကူး၌ အမှတ် (၉၃၇) အဆန်ကုန်ရထားနှင့် တရားမဝင် ကျွန်းသစ်ခွဲသားများ တင်ဆောင်လာသော တစ်လုံးထိုး ထော်လာဂျီ ယာဉ်တိုက်မိရာ ယာဉ်မောင်းသေဆုံး ခဲ့ကြောင်း သိရသည်။

ဆည်ရွာဘူတာနှင့် အင်းတော်ဘူတာကြား မိုင်တိုင်အမှတ် (၅၈၂) တွင် ယနေ့ နံနက် ၆နာရီခန့်က မန္တလေးမှ မြစ်ကြီးနားသို့ စက်ခေါင်းမောင်း ဦးသန်းစိုး ဂါတ်ဗိုလ် ဦးထွန်းထွန်းဝင်းတို့ မောင်းနှင်လာသော အမှတ်(၉၃၇) အဆန်ကုန် ရထားသည် ဆည်ရွာဘူတာမှ ထွက်ခွာလာစဉ် နတ်မဟုတ်လေး ကျေးရွာဘက်မှ အင်းတော်ဘက်သို့ ယာဉ်မောင်း နေလင်းအောင် မောင်းနှင်လာသော တစ်လုံးထိုး အပြာရောင် ထော်လာဂျီယာဉ်နှင့် အဆိုပါ တရားမဝင် ဇီးဖြူကျင်းသံလမ်း ကူးနေရာကို ဖြတ်သန်းမောင်းနှင်စဉ် တိုက်မိခဲ့သည်။

ထိုသို့တိုက်မိရာ ယာဉ်မောင်း နေလင်းအောင်သည် ဦးခေါင်း ကြေမွဒဏ်ရာ၊ ညာဘက်တင်ပါး ပဲ့ထွက်ဒဏ်ရာများဖြင့် အချင်းနေရာတွင် သေဆုံးခဲ့သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် အမှတ် (၉၃၇) အဆန်ကုန်ရထား စက်ခေါင်းမောင်းနှင့် ရထားထိန်းများမှာ တစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာ မရရှိဘဲ ရထားမှာ ဆက်လက်ထွက်ခွာခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်မောင်း နေလင်းအောင်ကို အင်းတော်မြို့မရဲစခန်းက (ပ)၈၄/၂ဝ၁၈၊ မီးရထား ပို့ဆောင်ရေး ဥပဒေပုဒ်မ -၈၅ဖြင့် အမှုဖွင့်ဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger