www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, June 25, 2018

လူမှုကူညီရေးအသင်းမှ ကားများကို လိုင်စင်ချထားပေးရေး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ်ထံ တင်ပြမည်



မန္တလေး ၂၅-၆-၂ဝ၁၈

လူမှုကူညီရေး ပရဟိတ အသင်းများတွင် အသုံးပြုနေသည့် လိုင်စင်မဲ့ကားများကို လိုင်စင်ချထား ပေးရေးအတွက် ပရဟိတအသင်းများ စုပေါင်းလက်မှတ် ရေးထိုးကာ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်ထံ တင်ပြတောင်းဆို သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးအတွင်းရှိ လူမှုကူညီရေး အသင်းများထံမှ သိရသည်။

လာမည့် ဇူလိုင် ၁၁ ရက်နောက်ပိုင်းမှ စတင်၍ မြန်မာတစ်နိုင်ငံလုံးရှိ လူမှုကူညီရေး အသင်းများမှ လိုင်စင်မဲ့ကားများကို ဖမ်းဆီးအရေးယူမည် ဆိုသည့် သတင်းများကြောင့် နယ်ဒေသများနှင့် မန္တလေးမြို့ပေါ်ရှိ လူမှုကူညီရေး အသင်းအချို့မှာ လူနာများကို ကူညီရန် အခက်အခဲ ဖြစ်ပေါ်နေပြီး အဆိုပါကိစ္စ နှင့်ပတ်သက်၍ လူမှုရေးအသင်းများ အားလုံးတွေ့ဆုံ ဆွေးနွေးကာ တရားဝင်လိုင်စင် ချထားပေးရေးအတွက် မန္တလေးတိုင်း ဒေသကြီးဝန်ကြီးချုပ်ထံစုပေါင်း လက်မှတ်ရေးထိုး၍ တင်ပြတောင်းဆိုရန် စီစဉ်လျက်ရှိကြောင်း မန္တလေးမြို့ ONE TO ONE ပြည်သူ့ကူညီရေး အဖွဲ့မှ ကိုစိုင်းနေမျိုးမောင်မောင် (ကိုဝမ်း)က ပြောပြသည်။

"ဒီကိစ္စကို ဒီနေ့မှာဆွေးနွေးဖို့ ပရဟိတ အသင်းတွေ စုစည်းပြီးဖိတ်တော့ လာတဲ့အသင်းတွေက လေးဆယ်ကျော်ငါးဆယ် အထိလာကြတဲ့အတွက် ခွင့်ပြုမိန့်တင်ဖို့ လိုအပ်လို့ရက်ရွှေ့ လိုက်ရတယ်။ အသင်းတွေက Without ကားတွေကို ဖမ်းမယ်ဆိုတော့ လိုင်စင်မရှိတဲ့ အသင်းက ကားတွေနဲ့ မပို့ရဲကြတော့ဘူး။ မပို့ရဲရင် လူနာတွေ ဒုက္ခရောက်မယ်။ အခုချထားပေးတဲ့ HSE လိုင်စင်ကလဲ လူသေပဲတင်လို့ရတယ်။ လူနာတင်လို့ရတဲ့ Ambulance လိုင်စင်ချထားပေးတာလဲ မရှိသေးဘူး။ ဒီအတွက်အသင်းတွေ စုစည်းတိုင်ပင်မယ်။ လက်မှတ်ထိုးပြီး အနီးဆုံးမန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ်ဆီတင်မယ်။ ပြီးတော့နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဆီဆက်တင်မယ်"ဟု ၎င်းကပြောပြသည်။

လက်ရှိလိုင်စင်မဲ့ ကားများကို ဖမ်းဆီးအရေးယူ မည့်ကိစ္စနှင့် ပတ်သက်၍ လူမှုကူညီရေး အသင်းများကြုံတွေ့ နေရသည့် အခက်အခဲများကို ယနေ့တွင်မန္တလေး မြို့၌ဆွေးနွေးပွဲ ပြုလုပ်ရန် မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်း ဒေသကြီးတို့မှ လူမှုရေးအသင်း ၅ဝ ခန့်တက်ရောက် ခဲ့ကြပြီး ခွင့်ပြုမိန့် တင်ရန် လိုအပ်လာသည့် အတွက်ဆွေးနွေးပွဲကို ရက်ရွှေ့ဆိုင်းခဲ့ကြောင်း သိရသည်။

"Without ကားတွေဖမ်းတာက ဥပဒေအရ လုပ်တာကလုပ်ပါ။ ဒါပေမဲ့ ရေဘေး၊ မီးဘေးပဲဖြစ်ဖြစ် ပြည်သူကိုကူညီ နေတဲ့ပရဟိတကား တွေကိုတော့ မရိုးမသား Without ကားတွေနဲ့ အတူမမြင်ဘဲ ခြွင်းချက်အနေနဲ့ လိုင်စင်ချပေးတာ ဒါမှမဟုတ်အသင်းတွေ ကိုစိစစ်ပြီး သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ထောက်ခံချက် လက်မှတ်လိုမျိုးနဲ့ ခွင့်ပြုပေး စေချင်ပါတယ်"ဟု မန္တလေးမြို့ မနောကြာဖြူသွေး လှူရှင်နှင့် ပရဟိတအသင်း အတွင်းရေးမှူးကိုစိုး (မနောကြာဖြူ) ကပြောပြ၍ သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger