www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 7, 2018

ရေကြောင်းလူငယ် သင်တန်းသား၊ သင်တန်းသူများ ရန်ကုန်မြစ်အတွင်း လေ့လာ


ရေကြောင်းလူငယ် သင်တန်းသား၊သင်တန်းသူများ တပ်မတော်(ရေ)မှ စစ်ရေယာဉ်ဖြင့် ရန်ကုန်မြစ်အတွင်း လေ့လာရေးခရီး သွားရောက်စဉ်။

နေပြည်တော် ၇-၅-၂ဝ၁၈

ရန်ကုန်မြို့၌ ဖွင့်လှစ်သင်ကြား လျက်ရှိသော ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်း အမှတ်စဉ် (၁/၂ဝ၁၈) တို့မှ သင်တန်းသား၊ သင်တန်းသူဦးရေ ၈ဝ သည် ယနေ့နံနက်ပိုင်းတွင် တပ်မတော် (ရေ)မှ စစ်ရေယာဉ်ဖြင့် ရန်ကုန်မြစ်အတွင်း လေ့လာရေးခရီးသွား ရောက်ကြသည်။

လေ့လာရေးခရီးစဉ်တွင် သင်တန်းသား၊ သင်တန်းသူများသည် စစ်ရေယာဉ်ရှိ လက်နက်စနစ်များ၊ စက်ပိုင်းဆိုင်ရာစနစ်များ၊ ဆက်သွယ်ရေးနှင့် အီလက်ထရောနစ်ဆိုင်ရာ စနစ်များနှင့် ရေယာဉ်လက်တွေ့ ခုတ်မောင်းနေမှုများကို စိတ်ပါဝင်စားစွာ လေ့လာခဲ့ကြပြီး တာဝန်ရှိသူများက အသေးစိတ် လိုက်လံရှင်းလင်း ပြသကြသည်။

အလားတူ ရေကြောင်းလူငယ် အခြေခံနှင့် တန်းမြင့်သင်တန်းများကို ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၊ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့၊ ကျွန်းစုမြို့၊ ထားဝယ်မြို့နှင့် ဟိန်းဇဲဒေသတို့ ရှိရေကြောင်း လူငယ်စခန်းများ တွင်လည်း ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကာ အခြေခံ စစ်ရေးပြဘာသာရပ်၊ ရေတပ်သားဆိုင်ရာ သင်ခန်းစာများ လက်တွေ့သင်ကြားခြင်း၊ ရေယာဉ်ပေါ်တွင် လက်တွေ့ လေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းနှင့် လေ့လာရေး ခရီးသွားရောက်ခြင်းများ ပြုလုပ်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger