www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, May 7, 2018

ကွတ်ခိုင်-ကောင်းခါးသွားလမ်း ခိုလုံကျေးရွာအနီး၌ ဘိန်းဖြူဘလောက်တုံးများ ဖမ်းဆီးရမိ


ဖမ်းဆီးရမိသူကို မော်တော်ယာဉ်၊ မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။

နေပြည်တော် ၇-၅-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကွတ်ခိုင်မြို့နယ်အတွင်း လုံခြုံရေး ဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များသည် ယနေ့မွန်းလွဲ ၁ နာရီခွဲခန့်တွင် ကွတ်ခိုင်-ကောင်းခါးသွားလမ်း ခိုလုံကျေးရွာအနီး၌ သတင်းအရ စောင့်ဆိုင်းစဉ် မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်၊ သဖန်းပင်ကျေးရွာနေ ကျန်ရင်းဟောင် (ဘ) ဦးကျန်ရှောက်ရှင်း မောင်းနှင်လာသည့် LANDCRUISER အမျိုးအစား ယာဉ်အမှတ်၊ 9/J----- ကိုရပ်တန့်ရှာဖွေ စစ်ဆေးရာ ယာဉ်ပေါ်၌ အဖြူရောင် ပလတ်စတစ်အိတ်ဖြင့် ပတ်လျက်ဘိန်းဖြူ ဘလောက်တုံး ၃၄တုံး (ခန့်မှန်း ၁၁ ဒသမ ၉ ကီလိုဂရမ်) (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်း ၂၃၈ဝ) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

အဆိုပါ မူးယစ်ဆေးဝါးများ၊ မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိသူကို တရားဥပဒေအရ အရေးယူနိုင်ရေး ကွတ်ခိုင် မူးယစ်တပ်ဖွဲ့စုမှ အမှုဖွင့်ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger