www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, May 9, 2018

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိ



မြင်းခြံ ၉-၅-၂ဝ၁၈

မန္တလေးတိုင်း ဒေသကြီးမြင်းခြံမြို့ အမှတ် (၄) ရပ်ကွက် နယ်မြေ (၈) ရှိ ဇော်မိုးမြင့် (ခ)ကိုမိုး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ ပန်းရောင်စိတ်ကြွ ဆေးပြားများ ရှာဖွေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့မရဲစခန်းမှ ဒုတိယရဲအုပ် ဖြူဖြူသင်းဦး ဆောင်သော အဖွဲ့သည် မေ ၇ရက် ည ၈နာရီ မိနစ်၃ဝက မြင်းခြံမြို့ပေါ် ရပ်ကွက်များတွင် မူးယစ်ဆေးဝါးသတင်း စုံစမ်းဖမ်းဆီးရမိရေး ဆောင်ရွက်နေစဉ် သတင်းအရ မြင်းခြံမြို့အမှတ်(၄)ရပ်ကွက် နယ်မြေ(၈) ရှိဇော်မိုးမြင့် (ခ) ကိုမိုး၏ နေအိမ်ကိုသက်သေများ နှင့်အတူ ဝင်ရောက် ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေရာ ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင် ကပ်ခွာအိတ်ဖြင့် 88/1 စာတန်း တစ်ဖက်စီပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၁၉၁ ပြား၊ အစိမ်းရောင် နှစ်ပြားနှင့် ကမ္ဘာလုံးတံဆိပ်ပါ အပြာရောင် ကပ်ခွာအိတ်ဖြင့် 88/1 စာတန်းတစ်ဖက်စီပါ ပန်းရောင်စိတ်ကြွ ဆေးပြား ၅ဝ စုစုပေါင်း ၂၄၃ ပြားနှင့် မူးယစ်ဆေးဝါး သုံးစွဲရာတွင် အသုံးပြုသောဆက်စပ် ပစ္စည်းများကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ ဒုတိယ ရဲအုပ်နိုင်ဝင်းထွန်းက တရားလိုပြုလုပ်၍ တိုင်တန်းသဖြင့် ဇော်မိုးမြင့် (ခ) ကိုမိုးကို မြင်းခြံ မြို့မရဲစခန်း က မယ (ပ)၄/၂ဝ၁၈၊ မူး/စိတ်ပုဒ်မ-၁၉(က)ဖြင့် အမှုဖွင့်ဆောင်ရွက်ထားကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger