www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 5, 2018

သစ်ခွများမျိုးစပ်စိုက်ပျိုးမှု ပြည်တွင်း၌ တွင်ကျယ်လာ



ရန်ကုန် ၅-၄-၂ဝ၁၈

ပြည်တွင်း၌ သစ်ခွပင်များကို မျိုးစပ်စိုက်ပျိုးမှု တွင်ကျယ်လာကြောင်း မြန်မာနိုင်ငံ ပန်းဝါသနာရှင် အသင်းဥက္ကဋ္ဌ ဒေါက်တာ စောလွင်ထံမှ သိရသည်။

''သစ်ခွစိုက်ပျိုးမှု တိုးတက်တဲ့ နိုင်ငံတွေမှာဆိုရင် စီးပွားဖြစ်စိုက်ပျိုး တာတွေလုပ်တဲ့ အခါ စပ်မျိုးသစ်ခွတွေကို အများဆုံးစိုက်ပျိုး ကြပါတယ်'' ဟု ဒေါက်တာစောလွင် ကပြောသည်။

မျိုးစပ်စိုက်ပျိုးသည့် သစ်ခွပင်သည် စိုက်ပျိုးပြုစုရာတွင် လွယ်ကူခြင်း၊ အပွင့်များပွင့်ရာတွင် မျိုးရိုင်းများကဲ့သို့ တစ်နှစ်တစ်ကြိမ်သာ မဟုတ်ဘဲ လှိုင်လှိုင်ပွင့်ခြင်း၊ အပင်အရွက်ငယ်ငယ်ဖြင့် အပွင့်ပွင့်ခြင်း၊ ပန်းခိုင်များ ပိုမိုထွက်လာ ခြင်း၊ ပန်းပွင့်အရွယ်အစား ကြီးလာခြင်း၊ ပန်းပွင့် အရောင်အသွေး စုံလင်ခြင်း စသည့်အခြေအနေ များကြောင့် မျိုးစပ်ထားသော သစ်ခွများကို တွင်တွင်ကျယ်ကျယ် စိုက်ပျိုးလာကြခြင်း ဖြစ်သည်။

ထို့ကြောင့် ရုက္ခဗေဒ ပညာရှင်များကလည်း စပ်မျိုးသစ်ခွများကို ထုတ်လုပ်လာခဲ့ရာ ယခုအခါ နှစ်ပေါင်း ၁၅ဝ ကျော်ကာလအတွင်း စပ်မျိုးပေါင်း တစ်သိန်းခန့် ထုတ်လုပ်နိုင်ခဲ့ကြောင်း၊ ထင်ရှားသည့် သဘာဝစပ်မျိုး စိတ်တစ်ခုမှာ Papilionanthe Teres နှင့် Papilionanthe Hookeriana မှ ဖြစ်ပေါ်လာသည့် Papilionanthe Miss Agnes Joaquim ဖြစ်ကြောင်း သိရသည်။

ထိုသို့ သစ်ခွစပ်မျိုး လုပ်ငန်းများသည် ၁၈၅၆ ခုနှစ်ကပင် တစ်ကမ္ဘာလုံး၌ စတင်ပေါ်ပေါက် ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာဘာသာ ဖြင့်ခေါ်ဆိုသော သစ်ခွဟူသောအပင်မှာ အင်္ဂလိပ်ဘာသာ Orchid ဖြစ်၍ ဂရိဘာသာ Orchid မှ ဆင်းသက်လာကြောင်း၊ အပွင့်ဆောင်သည့် အပင်များအနက် အကြီးမားဆုံးသော မျိုးရင်း (Orchidaceae) ဝင် အပင်များဖြစ်ပြီး ကမ္ဘာပေါ်၌ သစ်ခွမျိုးစိတ်ပေါင်း ၁၇၅ဝဝ ခန့်ရှိသည်ဟုလည်း ခန့်မှန်းထားကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger