www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, April 5, 2018

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း လားရှိုးတပ်နယ်ရှိ နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေးစကားပြောကြား၊ တပ်နယ်အတွင်း စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေး၊ ဆုတောင်းပြည့် မဟာမြတ်မုနိနှီးဘုရားကြီးအား သွားရောက်ဖူးမြော် ကြည်ညို



ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေး စကားပြောကြားစဉ်။

လားရှိုးမြို့ သံဃနာယကဥက္ကဋ္ဌ သီရိမင်္ဂလာမန်ဆူ ရှမ်းကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပုညနန္ဒအား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီး
ချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်ဇနီး ဒေါ်သန်းသန်းနွယ်တို့က သင်္ကန်းနှင့် လှူဖွယ်ဝတ္ထုများ 
ဆက်ကပ်လှူဒါန်းစဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများပေးအပ်စဉ်။

ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း 
တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုး မွေးမြူရေး ဗဟိုစံပြ စခန်းအတွင်း သားဖောက်ဝက်မွေးမြူရေးခြံကို 
ကြည့်ရှုစစ်ဆေးစဉ်။

နေပြည်တော် ၅-၄-၂ဝ၁၈

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယနေ့ နံနက်ပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးဗဟိုစံပြစခန်းနှင့် တပ်ရင်း/ တပ်ဖွဲ့များရှိ စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ထားရှိမှုများအား ကြည့်ရှုစစ်ဆေးပြီး နေ့လယ်ပိုင်းတွင် လားရှိုး တပ်နယ်ရှိ နယ်မြေခံတပ်များမှ အရာရှိ၊ စစ်သည်၊ မိသားစုများအား တွေ့ဆုံအားပေးစကား ပြောကြားသည်။

ပထမဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုး မွေးမြူရေးဗဟိုစံပြစခန်းသို့ ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ တာဝန်ရှိသူတစ်ဦးက စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေ များအား ရှင်းလင်းတင်ပြသည်။ ရှင်းလင်းတင်ပြမှုများအပေါ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)က စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဆောင်ရွက်ရာတွင် ဒေသနှင့်ကိုက်ညီသော မျိုးကောင်းမျိုးသန့်များကို အောင်မြင်အောင် စိုက်ပျိုးမွေးမြူသွား ရန်လိုအပ်ပြီး တိုင်းစစ်ဌာနချုပ်မှ ထွက်ရှိသော မျိုးကောင်းမျိုးသန့်များနှင့် အစာစပ်လုပ်ငန်းမှ ထွက်ရှိသောအစာများအား တပ်နယ်များရှိ စိုက်ပျိုးမွေးမြူ ရေးခြံများသို့ ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူရောင်းချပေးသွားရန်၊ သန့်ရှင်း လတ်ဆတ်ကာ အာဟာရပြည်ဝသည့် အသား၊ ငါး၊ ကြက်ဥနှင့် ဟင်းသီးဟင်းရွက်များကို မိသားစုများသို့ ဖူလုံစွာရောင်းချပေးပြီး ပိုလျှံပါက ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူလူထုကိုပါ ရောင်းချနိုင်ရေး ဆောင်ရွက်ရန်နှင့် အထွက်နှုန်းကောင်းပြီး မျိုးကောင်း မျိုးသန့် အသားတိုးနွားမွေးမြူရေးလုပ်ငန်းကို တိုးချဲ့လုပ်ဆောင် သွားရန် တို့အားမှာကြားသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် တိုင်းစစ်ဌာနချုပ် ဘက်စုံစိုက်ပျိုးမွေးမြူရေးဗဟိုစံပြစခန်းအတွင်း ငွေနှင်းမှိုစိုက်ပျိုးရေးလုပ်ငန်း၊ ကြက်မွေးမြူ ရေးခြံ၊ ကြက်အစာစပ်လုပ်ငန်း၊ အသားတိုးဝက်မွေးမြူရေးခြံ၊ သားဖောက်ဝက်မွေးမြူရေးခြံ၊ ထင်းအစားထိုး အဆင့်မြင့်လောင်စာ တောင့်ထုတ်စက်ရုံ၊ နို့စားနွားမွေးမြူရေးခြံနှင့် ခေတ်မီကြက်ဥဖောက်စက်လုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။

ဆက်လက်ပြီး ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် လားရှိုးတပ်နယ်ရှိ ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ်ရင်းနှင့် ပညာရေးကျောင်းတို့တွင် စိုက်ပျိုးမွေးမြူရေး လုပ်ငန်း များ ဆောင်ရွက်ထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။

၎င်းနောက်နေ့လယ်ပိုင်းတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည် ဇနီးဒေါ်သန်းသန်းနွယ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများနှင့် ဇနီးများနှင့်အတူ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ လားရှိုးတပ်နယ်မှ အရာရှိ၊ စစ်သည်များနှင့် မိသားစုဝင်များအား တိုင်းစစ်ဌာနချုပ်ခန်းမ၌တွေ့ဆုံ၍ လိုအပ်သည်များမှာကြားကာ အားပေး စကားပြောကြားသည်။

ထိုသို့တွေ့ဆုံရာတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးနှင့် ပတ်သက်၍ အမြဲလိုက်နာ ကျင့်သုံးနေရမည့် ကိစ္စရပ်များ၊ တပ်မတော် အား နိုင်ငံတကာအဆင့်မီတပ်မတော် (Standard Army) တည်ဆောက်မှုအပိုင်း၌ လိုအပ်သည့် တိုက်စွမ်းအား၊ တိုက်စွမ်းရည်မြှင့် တင်ရေးနှင့် တပ်မတော်သားများ၏ ပညာရည်မြှင့်တင်ရေးဆိုင်ရာကိစ္စရပ်များ၊ တပ်အင်အား ထိန်းသိမ်းရေးနှင့် ကျန်းမာရေးဆိုင်ရာကိစ္စရပ်များ၊ စစ်ဆင်ရေးတာဝန်များ ထမ်းဆောင်ရာတွင် လိုက်နာ ဆောင်ရွက်ရမည့် ထိတွေ့တိုက်ခိုက်မှုစည်းမျဉ်းများ (Rules of Engagement) နှင့် ဂျနီဗာကွန်းဗင်းရှင်း ဆိုင်ရာကိစ္စရပ်များ၊ တပ်တွင်းစည်းလုံးညီ ညွတ်ရေးအားပိုမိုကျစ်လစ်ခိုင်မာအောင်တည်ဆောက်၍ တပ်မတော်၊ နိုင်ငံတော်နှင့် ပြည်သူတို့က အားကိုး၊ အားထားပြုနိုင်သော တပ်များဖြစ်လာအောင်စဉ်ဆက်မပြတ် ဆောင်ရွက် ရေး ဆိုင်ရာကိစ္စရပ်များ၊ တပ်တွင်းသက်သာချောင်ချိရေးနှင့် မိသားစုများ စားဝတ်နေရေး ဆောင်ရွက်ရမည့် မူဝါဒနှင့်အညီချမှတ်ထားသည့် စိုက်ပျိုးမွေးမြူရေး ဆိုင်ရာကိစ္စရပ်များအား အသေးစိတ်မှာကြားသည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) သည် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးဆိုင်ရာကိစ္စရပ်များ၊ တပ်နှင့်ပတ်သက်၍ လိုအပ်ချက်များ၊ စစ်သည်၊ ရဲမေ တစ်ဦးချင်းစီ၏ အခက်အခဲများအား ရင်းနှီးပွင့်လင်းစွာ မေးမြန်းညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသည်။

တွေ့ဆုံပွဲအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းက တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအတွက် စားသောက်ဖွယ်ရာများကို လည်းကောင်း၊ ဇနီး ဒေါ်သန်းသန်းနွယ် က တပ်နယ်မှ မူကြိုကလေးငယ်များအတွက် ကျန်းမာသန်စွမ်းမှုနှင့် ဥာဏ်ရည်ထက်မြက် စေရေးဖြည့်စွက် အာဟာရကျွေးမွေးရန် ဂုဏ်ပြုချီးမြှင့်ငွေများကိုလည်းကောင်း ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းထွန်းဦးနှင့် ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ကျော်ဇောတို့က သုတ/ရသ စာအုပ်စာစောင် များ၊ စားသောက်ဖွယ်ရာများနှင့် အားကစား ပစ္စည်းများကို အသီးသီးပေးအပ်ကြရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသော တပ်နယ်မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား ရင်းရင်းနှီးနှီးနှုတ်ဆက်ကြသည်။

၎င်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ တပ်မတော်ဆေးရုံသို့ သွားရောက်၍ ရှေ့တန်း စစ်မြေပြင်၌ နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို ထမ်းဆောင်ရင်း ဒဏ်ရာရရှိခဲ့သည့် အရာရှိ၊ စစ်သည်များအား တစ်ဦးချင်း၏ ဒဏ်ရာရရှိမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီး လိုက်လံအားပေးစကားများ ပြောကြားပြီး လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

ယင်းနောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ရှိ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်းသို့ ရောက်ရှိကြရာ ကျောင်းဝင်းအတွင်း တည်ထားကိုးကွယ် တော်မူထားသည့် ဆုတောင်းပြည့် မဟာမြတ် မုနိနှီးဘုရားကြီးအား ဖူးမြော်ကြည်ညို၍ ပန်း၊ ရေချမ်း၊ ဆီမီးနှင့် ရွှေသင်္ကန်းများ ကပ်လှူပူဇော်ကြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) နှင့် အဖွဲ့ဝင်များသည် လားရှိုးမြို့ သံဃနာယကဥက္ကဋ္ဌ သီရိမင်္ဂလာမန်ဆူရှမ်းကျောင်း တိုက် ဦးစီးပဓနနာယကဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပုညနန္ဒအား ဖူးမြော်ကြည်ညို၍ ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်အား သင်္ကန်းနှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း သတင်း ရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger