www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, April 10, 2018

မန္တလေးမြို့တွင် မြန်မာ့ရိုးရာ ရေသဘင်ပွဲတော် စာတန်းပါ အဝင်မုခ်ဦး စတင်စိုက်ထူ



မန္တလေး ၁၀-၄-၂ဝ၁၈

ယခုနှစ် မန္တလေးမြို့တော် မဟာသင်္ကြန်ပွဲတော် ကျင်းပမည့် အစီအစဉ်တွင် ပါဝင်သည့် လမ်းလျှောက် သင်္ကြန်ကျင်းပမည့် ကျုံးတောင်ဘက် ၂၆ လမ်း၊ ၆၆ လမ်းထိပ်တွင် မြန်မာ့ရိုးရာ ရေသဘင်ပွဲတော် စာတန်းပါ အဝင်မုခ်ဦးကို စတင်စိုက်ထူထား ပြီးဖြစ်ကြောင်း သိရသည်။

အဆိုပါမုခ်ဦးကို အမြင့် ၁၆ ပေ၊ အလယ်တိုင်အထူ ရှစ်ပေနှင့် ဘေးတစ်ဖက်တစ်ချက် စီတွင် လေးပေအထူ တိုင်များဖြင့် ဆောက်လုပ်ထားပြီး မုခ်ဦးပေါက် အကျယ်မှာ တစ်ဖက်လျှင် ၃၂ ပေကျယ်ဝန်းကြောင်း သိရသည်။

"ဒီနှစ်အတွက် လမ်းလျှောက် သင်္ကြန်ရဲ့ မုခ်ဦးကို မန္တလေးမြို့ရဲ့ သင်္ကေတအဖြစ် နန်းမြို့ရိုးပုံစံကို အုတ်နီညိုရောင် သုတ်ထားပြီးသက်တန့် ရောင်စဉ်လေးတွေနဲ့ ခြယ်မှုန်း ထားပါတယ်။ သင်္ကြန်ရဲ့သင်္ကေတလေးလဲ ပါချင် တဲ့ အတွက် သက်တန့်ရောင်စဉ် ပုံစံရေပေါက် ရေစက်လေးတွေ ထည့်သွင်းရေးဆွဲ ထားတယ်"ဟု မုခ်ဦးဒီဇိုင်း ရေးဆွဲသူဒီဇိုင်း ဦးမြင့်သန်းက ပြောပြသည်။

အဆိုပါ မုခ်ဦးကို ၂၆ လမ်း၊ ၇၈ လမ်းထိပ်တွင်လည်း စိုက်ထူသွားမည်ဖြစ်ပြီး လမ်းလျှောက်သင်္ကြန် ကျင်းပမည့် လမ်းတစ်လျှောက်တွင် လမ်းဖြတ်မီးလုံးများ ထွန်းညှိခြင်း၊ လမ်းဘေးဝဲယာရှိ သစ်ပင်များပေါ်၌ အလှမီးများ တပ်ဆင်ခြင်းတို့ကို မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဆောင်ရွက် လျက်ရှိသည်။

လမ်းလျှောက်သင်္ကြန် ကျင်းပမည့် ကျုံးတောင်ဘက်ခြမ်းတွင် ၆၆ လမ်းမှ ၇၈ လမ်းအတွင်း မန္တလေးမြို့တော် မဟာသင်္ကြန် ဗဟိုမဏ္ဍပ်၊ နန်းမြို့သူ ရေကစားမဏ္ဍပ်၊ ဟိုတယ်နှင့် ခရီးသွားလာရေး ရေကစား မဏ္ဍပ်များနှင့်အတူ ဒေသခံနှင့် တိုင်းရင်းသားများ ရေပက်ကစား နိုင်မည့် ရေကစား မဏ္ဍပ်ငယ်၈၅ ခု၊ပေ ၁ဝဝ စတုဒိသာမဏ္ဍပ် နှစ်ခုနှင့် ရေဆိုခံကာတွန်း ပြပွဲများလည်း ပါဝင်ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger