www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, April 9, 2018

ငပလီကမ်းခြေ၏ ပျက်စီးမှု အတိုင်းအတာကို ပြီးခဲ့သည့် နှစ် ၂ဝ ခန့်က ဂြိုဟ်တုဓာတ်ပုံ များနှင့် နှိုင်းယှဉ်၍ စစ်ဆေးမည်



သံတွဲ ၉-၄-၂ဝ၁၈

ရခိုင်ပြည်နယ် သံတွဲမြို့နယ်ရှိ ငပလီ ကမ်းခြေ၏ ပျက်စီးမှု အတိုင်းအတာကို ပြီးခဲ့သည့်နှစ် ၂ဝ ခန့်က ဂြိုဟ်တု ဓာတ်ပုံများဖြင့် နှိုင်းယှဉ်၍ စစ်ဆေးမည် ဖြစ်ကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးမြင့်ထွေးထံမှ သိရသည်။

ငပလီကမ်းခြေ ပျက်စီးမှုရှိ၊ မရှိ စစ်ဆေးရန် ဝန်ကြီးဌာနအနေဖြင့် သီးခြား အဖွဲ့အစည်းတစ်ခုကို တာဝန်ပေးအပ်ထားပြီး အရေးကြီး ကိစ္စဖြစ်သဖြင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

''ဒေသခံတွေရဲ့ တွေ့ရှိချက်တွေ၊ သဘာဝပြောင်းလဲမှု စာရင်းတွေ ကောက်ယူမယ်။ အဲဒီရလဒ်ပေါ် မူတည်ပြီး ရှေ့ဆက် ဆောင်ရွက်ရမယ့် အပိုင်းတွေ ပေါ်လာမယ်။ ဒီလေ့လာ ဆန်းစစ်ချက်က တခြားကမ်းခြေ အားလုံးနဲ့သက်ဆိုင်မှု ရှိပါလိမ့်မယ်''ဟု ဦးမြင့်ထွေးက ပြောသည်။

ငပလီကမ်းခြေ ဒေသရှိ ဟိုတယ်အားလုံး ၏ ၇၅ ရာခိုင်နှုန်းသည် သဲသောင်ပေါ်၌ ခြံစည်းရိုးကဲ့သို့ ကျောက်စီ နံရံများ တည်ဆောက်ထားပြီး ကျောက်စီနံရံ များသည် ဒီရေလှိုင်းကို အဟန့်အတား ဖြစ်စေသည့် အပြင် ကမ်းခြေရှိ သဲများကိုလည်း ပင်လယ်အတွင်း ပြန်လည် မျောပါစေသည်။

၂ဝ၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ကမ်းခြေတည်မြဲ အမိန့်တွင် ဟိုတယ်များသည် အမြင့်ဆုံး ဒီရေရောက်သည့် ဒီရေလှိုင်းနှင့် မီတာ ၅ဝ အကွာ၌ တည်ဆောက်ရမည်ဟု ပါရှိသော်လည်း ငပလီကမ်းခြေ၌ တည်ဆောက်ထားသည့် ဟိုတယ်တချို့သည် အဆိုပါ အမိန့်ကို လိုက်နာမှုမရှိကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger