www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 26, 2018

ပုဂ္ဂလိကလေယာဉ်မှူး သင်တန်းကျောင်းများမှ ကျောင်းပြီးထားသူများ အလုပ်အကိုင်ခေါ်ယူမှု နည်းပါး



ရန်ကုန် ၂၆-၃-၂ဝ၁၈

မြန်မာနိုင်ငံအတွင်းရှိ ပုဂ္ဂလိကလေယာဉ်မှူး သင်တန်းကျောင်းများ၌ တက်ရောက်အောင်မြင်ကာ ကျောင်းပြီးထား သူများအနေဖြင့် ပြည်တွင်းလေကြောင်း လိုင်းများတွင် အလုပ်အကိုင်ရရှိရန် အခွင့်အလမ်းနည်းပါး နေသေး ကြောင်း ကမ္ဘောဇလေကြောင်းလိုင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

လက်ရှိတွင် ပြည်တွင်းလေကြောင်း လိုင်းများ၌ လေယာဉ်မှူးရာထူး နေရာအတွက် အလုပ်ခေါ်ယူမှု နည်းပါးနေသေးသည့် အပြင်လေကြောင်းလိုင်းများ တိုးချဲ့ရန်ခက်ခဲသည့် အခြေအနေဖြစ်နေ သောကြောင့် လေယာဉ်မှူး သင်တန်းကျောင်းများမှ ကျောင်းပြီးထား သူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ နည်းပါးလျက်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် နိုင်ငံတကာ လေကြောင်းလိုင်းများတွင် တာဝန်ထမ်းဆောင် နိုင်သည်အထိ အရည်အချင်း ပိုမိုပြည့်ဝလာစေရန် ဆက်လက်ကြိုးစားမှသာ အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုများပြား လာနိုင်ကြောင်း သိရသည်။

ပြည်တွင်းရှိ ပုဂ္ဂလိက လေယာဉ်မှူး သင်တန်းကျောင်းများ၌ တက်ရောက် သင်ယူသူ တစ်ဦးအတွက် စုစုပေါင်းကုန်ကျစရိတ် အမေရိကန် ဒေါ်လာငါးသောင်းကျော်ရှိပြီး သင်တန်းကာလမှာ ၁၄ လခန့် ကြာမြင့်သည်။ 
လေယာဉ်မှူး သင်တန်းကျောင်း တက်ရောက် အောင်မြင်သူများသည် ချက်ချင်းအလုပ် မရသေးသည့် အတွက် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ဆက်လက်၍ စာပေလေ့လာရင်း ပြည်တွင်းရှိ လေကြောင်းလိုင်းများမှ အလုပ်ခေါ်ယူမည့် အချိန်ကို စောင့်ဆိုင်း နေကြရကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger