www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Monday, March 19, 2018

သိန်းနီမြို့နယ် ပန်ဖတ်ကျေးရွာအနီး ရပ်တန့်ထားသော ခရီးသည်တင် မှန်လုံယာဉ်မှ တရားမဝင်သစ်များ ဖမ်းဆီးရမိ



လားရှိုး ၁၉-၂-၂ဝ၁၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) သိန်းနီမြို့နယ် ပန်ဖတ်ကျေးရွာ အနီးရပ်တန့်ထားသော ခရီးသည်တင် မှန်လုံယာဉ်မှ တရားမဝင်သစ်များ မတ် ၁၇ ရက် နံနက်ပိုင်းက ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

လားရှိုးမြို့နယ် သစ်တောဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့တို့သည် သိန်းနီမြို့နယ် ရေပူစစ်ဆေးရေး ဂိတ်နှင့် တောင်ဘက်ခုနစ်မိုင် ခန့်အကွာတွင် ရပ်ထားသည့် မှန်လုံ MDY-8I/---- အဖြူရောင်ယာဉ်ကို စစ်ဆေးရာမှ တန်ဖိုးငွေကျပ်၃၄ဝ၆၈ဝဝ ရှိ တရားမဝင်ပိတောက်ဓားရွေ ၄၃တုံး၊ အလေးချိန် ၁ ဒသမ ၁၃၅၆တန်ကို ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။

"မတ် ၁၇ ရက် မနက်ပိုင်းမှာ ဖမ်းမိတာပါ။ ယာဉ်မောင်းကတော့ မတွေ့ပါဘူး။ သိန်းနီရဲစခန်းမှာပဲ ညပိုင်းက အမှုဖွင့်နိုင်ခဲ့တာပါ။ ပစ္စည်းတွေကိုလဲ သိန်းနီသစ်တောရုံးမှာပဲ ထိန်းသိမ်းထားပါတယ်။ယာဉ်ကိုတော့ ရဲစခန်းမှာ ထိန်းသိမ်းထားပါတယ်"ဟု လားရှိုးမြို့နယ် သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးမျိုးကျော်ဟန်က ပြောပြသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ တရားမဝင်ပိတောက် ဓားရွေသစ်များ တင်ဆောင်လာသူ ယာဉ်မောင်း (ထွက်ပြေးတိမ်းရှောင်) နှင့် ဆက်စပ်သူများကို သိန်းနီမြို့မရဲစခန်းက (ပ) ၅၉/၂ဝ၁၈၊ ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ-၆(၁)ဖြင့် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger