www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 21, 2018

ငါးပိ၊ငါးခြောက်၊ ငံပြာရည်လုပ်ငန်းများ ပြုပြင်ထုတ်လုပ်ရာတွင် စနစ်တကျ ရှိစေရေးအတွက် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေ



ရန်ကုန် ၂၁-၂-၂ဝ၁၈

ငါးပိ၊ ငါးခြောက်၊ ငံပြာရည် လုပ်ငန်းများ ပြုပြင်ထုတ်လုပ်ရာတွင် စနစ်တကျရှိစေရေး အတွက်ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်နေကြောင်း ငါးလုပ်ငန်း ဦးစီးဌာန၏ သတင်းများအရ သိရသည်။

ဧရာဝတီတိုင်း ဒေသကြီးအတွင်းရှိ မြို့ရွာဒေသများသည် အသေးစား၊အလတ်စား ပင်လယ်ရေထွက် ပစ္စည်းများဖြစ်သည့် ငါးပိ၊ငါးခြောက်နှင့် ငံပြာရည်များ ထုတ်လုပ်ဖြန့်ဖြူး ရောင်းချရာ ပင်ရင်းဒေသများ ဖြစ်သည်။ထိုသို့ထုတ်လုပ် ရောင်းချရာတွင် အချို့သော ထုတ်လုပ်သူများသည် ငါးခြောက်များပြုလုပ်ရာ၌ ယင်မနားဆေး၊ ယမ်းစိမ်းများ အသုံးပြုလာကြပြီး ငါးပိ၊ငံပြာရည် ပြုလုပ်ရာတွင်လည်း ယူရီးယားကဲ့သို့ ဓာတ်မြေသြဇာများကို အသုံးပြုလုပ်ကိုင် နေမှုများ ရှိလာနေသည်ဟု သတင်းများ ရရှိနေသဖြင့် ငါးလုပ်ငန်းဦးစီးဌာန၊ ငါးပုစွန်စစ်ဆေးရေးနှင့် အရည်အသွေး စိစစ်ကြပ်မတ်ရေး (Fish Inspection and Quality Control Division-FIQC) ဌာနခွဲမှ ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးတွင် ပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ငါးလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီတွင် မြန်မာနိုင်ငံ၏ အသေးစားအလတ်စား၊ ရေထွက်ပစ္စည်းများ ပြုပြင်ထုတ်လုပ်မှု လုပ်ငန်းများတွင် ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (Good Manufacturing Practices-GMP) ဖြင့် ပြုပြင်ထုတ်လုပ်ရန် အာဆီယံနိုင်ငံများ နှင့်အတူ သဘောတူလက်မှတ် ရေးထိုးပြီး ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အစားအသောက်များ ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် ငါးနှင့် ရေထွက် ပစ္စည်းများပြုပြင် ထုတ်လုပ်ဖြန့်ချိရာတွင် ရောဂါပိုးပေါက်ဖွားမှု ကာကွယ်ရေးအတွက် သာမက လူကိုအန္တရာယ်ဖြစ်စေနိုင်သော ဓာတုဆေးဝါးများ၊ပါဝင်မှုမရှိစေရေး၊ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) စနစ်ကို လိုက်နာဆောင်ရွက်ရေး၊ အခြားသော ဈေးကွက်များသို့ ဖြန့်ချိတင်ပို့ရာတွင် အစားအစာ ဘေးကင်းလုံခြုံမှု ရစေရေးနှင့် မိရိုးဖလာထုတ်လုပ်မှု စနစ်မှ အဆင့်မီထုတ်လုပ်မှု ဖြစ်ပေါ်လာစေရေးအတွက် ရည်ရွယ်ဆောင်ရွက် နေခြင်းဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger