www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, February 21, 2018

ပြည်ကြီးတံခွန်မြို့နယ်တွင် သွပ်မိုး၊ ထရံကာ နှစ်ထပ်နေအိမ်အတွင်းရှိ မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် မီးလောင်မှုဖြစ်ပွား



မန္တလေး ၂၁-၂-၂ဝ၁၈

မန္တလေး ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ) ရပ်ကွက်၊ ၅၁× ၅၂လမ်းကြား၊ အေးသုခလမ်းနှင့် အေးမေတ္တာလမ်းကြား၊ ပိုင်ရှင်ဦးကျော်ရွှေ (ဘ) ဦးချစ်တီး၏ (၁ဝ×၂ဝ) ပေ သွပ်မိုး၊ထရံကာ နှစ်ထပ်နေအိမ်အတွင်း ယနေ့တွင် မီးဖိုမီးကြွင်းမီးကျန်မှ တစ်ဆင့် အကာထရံသို့ မီးကူးစက်လောင်ကျွမ်းခဲ့ရာမှ မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုကို နံနက် ၁ဝ နာရီ ၅ မိနစ် သတင်းရရှိသဖြင့် မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ်ရှစ်စီး၊ မီးသတ်ရေသယ်ယာဉ်နှစ်စီး၊ အကူယာဉ် တစ်စီး၊အုပ်ချုပ်မှုယာဉ် နှစ်စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်၂၅ ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးရေ ၆ဝ တို့ သွားရောက်ငြှိမ်းသတ်ခဲ့ရာ မီးငြှိမ်းသတ်ရေဂါလန် ၅၆ဝဝ၊မီးကြွင်း မီးကျန်ဂါလန် ၂၄ဝဝ၊အသုံးပြုငြှိမ်းသတ်ခဲ့ပြီး ၁ဝ နာရီမိနစ် ၂ဝတွင် မီးထိန်းနိုင်ခဲ့ကာ ၁ဝ နာရီ မိနစ် ၃ဝတွင် မီးလုံးဝငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် (၁ဝ×၁ဝ) ပေသွပ်မိုး၊ ပျဉ်ကာတစ်ထပ် နေအိမ်တစ်လုံး၊ (၁ဝ×၂ဝ) ပေ သွပ်မိုး၊ထရံကာ နှစ်ထပ်နေအိမ် နှစ်လုံး၊(၁ဝ×၂ဝ) ပေ သွပ်မိုး၊ အုပ်ညှပ်တစ်ထပ် နေအိမ်တစ်လုံးနှင့် (၁ဝ×၂ဝ) ပေသွပ်မိုး၊ နံကပ်တစ်ထပ် နေအိမ် ၅ဝ ရာခိုင်နှုန်း မီးလောင်ဆုံးရှုံးပြီး၊ စုစုပေါင်းဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၁၁၅ဝဝဝဝ ခန့် မီးလောင်ဆုံးရှုံး ခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်နှင့် ပတ်သက်၍ ပိုင်ရှင် ဦးကျော်ရွှေကို ပြည်ကြီးတံခွန် မြို့နယ်၊ စက်မှုရဲစခန်းက ပ-၈၃/၂ဝ၁၈၊ ဥပဒေပုဒ်မ ၂၈၅ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ထားရှိကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger