www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, February 2, 2018

အခွန်ကောက်ခံသည့် နှုန်းထား ပြင်ဆင်ထားသော်လည်း တစ်ဦးချင်းမော်တော်ယာဉ် တင်သွင်းမှုလိုင်စင် လျှောက်ထားခြင်း မရှိသေး



ရန်ကုန် ၂-၂-၂ဝ၁၈

ယခုနှစ် ဇန်နဝါရီလမှစ၍ အခွန်ကောက်ခံသည့် နှုန်းထားပြင်ဆင် ထားသော်လည်း ယခုအချိန်ထိ တစ်ဦးချင်း မော်တော်ယာဉ် တင်သွင်းမှုလိုင်စင် လျှောက်ထားခြင်းမရှိ သေးကြောင်း မြန်မာ့မော်တော်ယာဉ် ထုတ်လုပ်ရေးနှင့် ဖြန့်ဖြူးရောင်းချရေး အသင်း (MAMDA) ဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းထံမှ သိရသည်။

''ဇန်နဝါရီ ၁ ရက်ကစပြီး အခွန်ကောက်တဲ့ နှုန်းထားကို ပြင်ဆင်ထားပေမယ့် တကယ်တမ်း ကားတင်သွင်းမှုက ၂ဝ၁၇ ခုနှစ်က လိုင်စင်လျှောက်ထားပြီး ၂ဝ၁၈ ခုနှစ်မှ တင်သွင်းလာတဲ့အတွက် အရင်ပုံစံအတိုင်း အခွန်ကို ကောက်ခံနေတာပါ။ ဇန်နဝါရီလကစပြီး အခုချိန်ထိ တစ်ဦးချင်း တင်သွင်းမှု လိုင်စင် လျှောက်ထားသူ မရှိသေးပါဘူး။ ဘာတွေဖြစ်လာမလဲ ဆိုတာကတော့ အပြောင်းအလဲကြားမှာ ပြဿနာတွေက ရှိလာနိုင်ပါတယ်။ ပုဂ္ဂလိက အနေနဲ့ပြောရရင် အပြင်မှာ ပြောနေတာက Invoice Value တိုင်းကို အခွန်ကောက်မယ်ဆိုရင် ဘယ်သူမဆို အခွန်လျှော့ပေးတာကိုပဲ လိုချင်ကြတာပါ'' ဟု ဒေါက်တာစိုးထွန်းက ပြောသည်။

သို့ဖြစ်၍ မော်တော်ယာဉ် တင်သွင်းရာတွင် Invoice Value တစ်ခုတည်း မဟုတ်ဘဲ တခြားသော အမှန်တကယ် မိမိတင်သွင်းသည့် ဈေးနှုန်းအပေါ် စဉ်းစားပြီး အခွန်ဆောင်ရန် လိုအပ်ကြောင်း၊ လက်ရှိတွင် မော်တော်ယာဉ် တင်သွင်းခြင်းနှင့် ပတ်သက်၍ အခွန်ဆိုင်ရာ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ၂ဝ၁၈ မော်တော်ယာဉ်တင်သွင်းမှု မူဝါဒနှင့် မော်ဒယ်မြင့်ကားများ ဖြစ်သွားသည့် အတွက် တင်သွင်းခြင်းကို စောင့်ကြည့်နေသည့် အနေအထားမျိုး ဖြစ်ကြောင်း၊ ထို့ပြင်ယာဉ်ယန္တရား တင်သွင်းသည့် ဒဏ်ကြေးနှင့် ပတ်သက်၍ မော်တော်ယာဉ်သိမ်းခြင်း၊ တန်ဖိုးတစ်ဝက် ကောက်ခံခြင်းစသည့် ပြစ်ဒဏ်များမှာလည်း မြင့်မားနေသဖြင့် ယင်းကိစ္စရပ်များနှင့် ပတ်သက်၍ မူဝါဒပိုင်းများ ပြောင်းလဲပေးရန် အစိုးရအဖွဲ့သို့ တင်ပြထားကြောင်း သိရသည်။

အခွန်ကောက်ခံသည့် နှုန်းထား ပြင်ဆင်ထားသော်လည်း တစ်ဦးချင်းမော်တော်ယာဉ် တင်သွင်းမှုလိုင်စင် လျှောက်ထားခြင်း မရှိသေး''ကျွန်တော်တို့ အခွန်ပိုင်းဆိုင်ရာနဲ့ ပတ်သက်ပြီး တင်ပြလိုတဲ့ အချက်အလက် တွေရှိရင် စာနဲ့ရေးပြီး တင်ပြပေးထားမယ် ဆိုရင် ညှိနှိုင်းပြီး ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ်'' ဟု အကောက်ခွန် ဦးစီးဌာနမှ Valuation Section လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်မောင်ထွန်းက ပြောသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger