www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, February 20, 2018

ရန်ကုန်တိုင်း ဒေသကြီး အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အသင်းက နည်းပညာ ဖြန့်ဝေပေးမှုနှင့် အော်ဂဲနစ်သီးနှံအကြောင်း အသိပညာပေး ဆောင်ရွက်



ရန်ကုန် ၂ဝ-၂-၂ဝ၁၈

ရန်ကုန်တိုင်း ဒေသကြီး အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အသင်းအနေဖြင့် နည်းပညာ ဖြန့်ဝေပေးမှုနှင့် အော်ဂဲနစ်သီးနှံ အကြောင်းအသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေပြီး ဈေးကွက်ဖော်ဆောင်ရေး ဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အသင်း၏ သတင်းများအရ သိရသည်။

လက်ရှိ မြန်မာတစ်နိုင်ငံလုံး၌ မြန်မာနိုင်ငံ အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများအသင်းတွင် အသင်းဝင်ဦးရေ ၃ဝဝ ကျော်ရှိနေပြီး ရန်ကုန်တိုင်းဒေသကြီး အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အသင်းတွင် အသင်းဝင်ဦးရေ ၅ဝ ခန့်ရှိနေသည်။

ရန်ကုန်တိုင်း ဒေသကြီးအတွင်းက အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အနေဖြင့် အော်ဂဲနစ် သီးနှံဈေးကွက်အတွင်း ပိုမိုထုတ်လုပ် ရောင်းချနိုင်ရေးအတွက် ဆွေးနွေးညှိနှိုင်းခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး အော်ဂဲနစ်သီးနှံ စိုက်ပျိုးထုတ်လုပ်သူများ အသင်းကို ပြီးခဲ့သည့် ဇန်နဝါရီ ၁၃ ရက်က ပြန်လည်ဖွဲ့စည်း ဆောင်ရွက်ခဲ့ကြသည်။

ရန်ကုန်တိုင်းဒေသကြီး အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်သူများ အသင်းတွင် အော်ဂဲနစ်စိုက်ပျိုးရေးကို စိတ်ပါဝင်စားသူများနှင့် စိုက်ပျိုးထုတ်လုပ်လိုသည့် တောင်သူများလည်း အသင်းဝင်ရောက်နိုင်ပြီး အသင်းအနေဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးနှင့် ပတ်သက်သည့် နည်းပညာသင်တန်းကို ရန်ကုန်မြို့ နာနတ်တောလမ်း၊ ပြည်ရိပ်မွန်အိမ်ရာ၊ တိုက် (၇) အခန်း (၄) တွင် ဖွင့်လှစ်သင်ကြားပေးလျက် ရှိကြောင်း သိရသည်။

လက်ရှိတွင် ရန်ကုန်တိုင်းဒေသကြီး အော်ဂဲနစ်စိုက်ပျိုး ထုတ်လုပ်သူများ အသင်းအနေဖြင့် ရန်ကုန်တိုင်း ဒေသကြီးအတွင်း နေထိုင်သူပြည်သူများ အန္တရာယ်ကင်းစွာ စားသုံးနိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက် နေသည်။ မြန်မာနိုင်ငံတွင် စားသုံးမှု အရည်အသွေး ယုံကြည်စိတ်ချမှု ရှိစေရေးနှင့် ပြည်ပတင်ပို့မှုအတွက် Good Agriculture Practice (GAP) လက်မှတ်များကို နေပြည်တော်တွင် Call စင်တာဖွင့်လှစ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger