www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, January 26, 2018

ပုသိမ်ကြီးမြို့နယ် အတွင်း တန် ၅ဝဝဝကျ ကျောက်မီးသွေးစနစ်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းဖျက်သိမ်းပေးရေး ဒေသခံများဆန္ဒထုတ်ဖော်



မန္တလေး ၂၆-၁-၂ဝ၁၈

မန္တလေး ပုသိမ်ကြီးမြို့နယ် အတွင်း တန် ၅ဝဝဝကျ ကျောက်မီးသွေးစနစ်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းဖျက်သိမ်းပေးရေး ဒေသခံဦးရေ ၂ဝဝကျော် ယနေ့ နံနက် ၁ဝ နာရကီ စီတန်းလှည့်လည်ဆန္ဒ ထုတ်ဖော်ခဲ့ကြကြောင်း အဆိုပါဒေသရှိ ဒေသခံများထံမှ သိရသည်။

မန္တလေး ပုသိမ်ကြီးမြို့နယ် ဒဟတ်တောကျေးရွာအုပ်စု အောင်သပြေကျေးရွာတွင် တန်၅ဝဝဝကျ ကျောက်မီးသွေးစနစ်သုံး ဘိလပ်မြေစက်ရုံ စီမံကိန်းကြောင့် ကျေးရွာအနီးရှိဒေသခံများ ယာဉ်အန္တရာယ် စိုးရိမ်နေကြရခြင်း၊ တောတောင်များ ပျက်စီးခြင်း၊ သဘာဝတွင်း ထွက်ပစ္စည်းများ နိုင်ငံတော်အတွက် ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်ခြင်းတို့ ဖြစ်ပေါ်လာနိုင်သည့်အတွက် ဒေသခံများ ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်ကြောင်း ဆန္ဒထုတ်ဖော်ပွဲ ဦးဆောင်သူ ဦးရွှေအုန်းက ပြောပြသည်။

"ကျွန်တော်တို့အနေနဲ့ ကတော့ ဒီစီမံကိန်းကြီး ဖျက်သိမ်းပေးဖို့ တောင်းဆိုပြီး ဆန္ဒထုတ်ဖော် ခဲ့ကြတာပါပဲ။ သူတို့ဘိလပ်မြေ စက်ရုံဆောက်မယ် ဆိုပေမယ့် ဒီဒေသမှာထွက်ရှိနေတဲ့ သယံဇာတတွေ အလိမ်ခံရမှာ စိုးတဲ့အတွက်အခုလို ဆန္ဒပြထုတ်ဖော်ပြီး တာဝန်ရှိသူတွေ သိစေချင်တာပါ " ဟု၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဒေသခံများအနေဖြင့် ကျောက်မီးသွေး စွမ်းအင်သုံး စီမံကိန်းဖျက်သိမ်းပေးရေးနှင့် ရင်းနှီးမြှုပ်နှံမှု အုပ်စုဖွဲ့ကုမ္ပဏီများ အလိုမရှိစသည့် အချက်များအပါအဝင် အချက် ၁ဝ ချက်ကို ကြွေးကြော်ကာ တောင်းဆိုမှု ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မြင့်ကုမ္ပဏီအမည်ဖြင့် ဒဟတ်တောကျေးရွာအုပ်စု အောင်သပြေကျေးရွာ ကျောက်မီးသွေးစနစ်သုံးဘိ လပ်မြေ စက်ရုံတည်ဆောက်ခြင်းကို ဒေသခံများအနေဖြင့် ကန့်ကွက် အကြောင်းစာများအား ၂ဝ၁၆ခုနှစ် ကတစ်ကြိမ်၊ ၂ဝ၁၇ ခုနှစ်က တစ်ကြိမ် နိုင်ငံတော်သမ္မတထံသို့ တင်ပြကန့်ကွက်မှုများ ပြုလုပ်ထားခဲ့သော်လည်း ထူးခြားမှုမရှိဘဲ ကုမ္ပဏီအနေဖြင့် ဆက်လက်လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger