www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 9, 2018

ဂုတ်တွင်းလမ်းကျပ်တည်းမှုလျှော့ ချရန် ရှောင်လမ်းအတွက်ကျွန်းပင်ပေါင်း ၁ဝဝကျော် ခုတ်မည်



ကျောက်မဲ ၉-၁-၂ဝ၁၈

ရှမ်းပြည်နယ် ကျောက်မဲမြို့နယ် ဂုတ်တွင်းလမ်းပိုင်း၌ ယာဉ်ကြောကျပ်တည်းမှုကို လျှော့ချရန် မြို့ရှောင်လမ်းအတွက် လမ်းဘေးရှိ သက်တမ်းရင့် ကျွန်းပင်ပေါင်း ၁ဝဝ ကျော်ခုတ်လှဲသွားမည် ဖြစ်ကြောင်း ရှမ်းပြည်နယ် သစ်တောဦးစီးဌာနမှ သိရသည်။

မန္တလေး-လားရှိုးလမ်းမကြီးကို အာဆီယံအဆင့်မီ လမ်းမကြီးအဖြစ် အဆင့်မြှင့်တင်ရာတွင် နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာ အနီးမှစတင်၍ ကျောက်မဲမြို့မကျည်းပင် စခန်းထိ မြို့ရှောင်လမ်း ဖောက်လုပ်မည်ဖြစ်ပြီး မြို့ရှောင်လမ်း ဖောက်လုပ်နေစဉ် လတ်တလော ယာဉ်ကြောပိတ်ဆို့မှုကို လျှော့ချနိုင်ရန် အတွက်လမ်းဘေးရှိ သက်တမ်းရင့်ကျွန်းပင်ပေါင်း ၁ဝဝ ကျော်ကို ခုတ်လှဲသွားမည် ဖြစ်ကြောင်း သိရသည်။

"ခွင့်ပြုချက်ကျပြီးပါပြီ။ သစ်ထုတ်လုပ်ရေးကို လွှဲထားပါတယ်။ ဌာနအနေနဲ့ကတော့ နှမြောတာပေါ့။ ထိန်းထားနိုင်ရင်တော့ အကောင်းဆုံးပါ"ဟုကျောက်မဲမြို့နယ် သစ်တောဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။

ပြီးခဲ့သည့် ၂ဝ၁၆ခုနှစ်က မန္တလေး-လားရှိုးလမ်းမကြီး ဖောက်လုပ်ရာတွင် လမ်းတစ်လျှောက်ရှိ လမ်းနှင့်မလွတ်ကင်းသည့် သက်တမ်းရင့် ကျွန်းပင်ပေါင်း ၄၅ဝဝ ကျော်ခုတ်လှဲရန် ရှမ်းပြည်နယ် လမ်းဦးစီးဌာနကတင်ပြခဲ့ပြီး သစ်တောဦးစီးဌာနနှင့် လူမှုအရပ်ဘက် အဖွဲ့အစည်းများက ကန့်ကွက်ခဲ့ကြောင်း သိရသည်။

"အရင်တစ်ခါတုန်းကလဲ လမ်းမကြီးတစ်လျှောက်က မလွတ်တဲ့သက်တမ်း နှစ်ပေါင်းရာကျော်တဲ့ အပင်တွေခုတ်ဖို့ တင်ပြတာလဲ သစ်တောက တားခဲ့ပါတယ်။ အခုမြို့ရှောင်လမ်းပြီးသွားရင် ဒီလမ်းကသိပ်မသုံးကြတော့ဘူး။ ဆုံးရှုံးသွားတဲ့အပင်တွေက အစားထိုးလို့ မရနိုင်ဘူး။ စိတ်မကောင်းပါဘူး" ဟု နောင်ချိုမြို့နယ် သစ်တောဦးစီး ဌာနမှတာဝန်ရှိသူတစ်ဦးက ပြောသည်။

"ခေတ္တခဏ ရှောင်လမ်းအတွက်ပဲဆို နှမြောဖို့ကောင်းတယ်။ ဒါတောင် လမ်းစီမံကိန်းအတွက်ကလဲ လာဦးမှာ။ မခုတ်ဘဲ အဆင်ပြေအောင်လုပ်နိုင်ရင် အကောင်းဆုံးပဲ အတတ်နိုင်ဆုံး သဘာဝအရင်းအမြစ်တွေ မထိခိုက်ဘဲလျော့နည်းအောင်တော့ လုပ်စေချင်တယ်။ လုပ်ငန်းရှင်တွေလုပ်သာ ကိုင်သာ အခွင့်အလမ်းဖြစ်အောင် သဘာဝအရင်းအမြစ်တွေ ပေးရတာမျိုးတော့ မဖြစ်စေချင်ဘူး" ဟု စိမ်းရောင်စို ဗခအငလငအငနျအဖွဲ့၏ဦးဆောင်အဖွဲ့ဝင် ကိုမောင်မောင်ဦးက ပြောပြသည်။

အဆိုပါကျွန်းပင်များမှာ နှစ်သက်တမ်း ၁ဝဝကျော်ရှိပြီး တစ်ပင်လျှင် ကာလပေါက်ဈေး ငွေကျပ် ၁ဝ သိန်းခန့်ရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger