www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, January 9, 2018

အတိုးနည်း နှစ်လတ်ချေးငွေ ဖြည့်တင်းပေးမှုကြောင့် ယခုနှစ် မွေးမြူရေးကဏ္ဍ ပိုမိုတိုးတက်လာနိုင်



ရန်ကုန် ၉-၁-၂ဝ၁၈

မွေးမြူရေးကဏ္ဍအတွက် အတိုးနည်း နှစ်လတ်ချေးငွေဖြင့် အရင်းအနှီး ဖြည့်တင်းပေးမှုကြောင့် ယခုနှစ်အတွင်း မွေးမြူရေးကဏ္ဍမှာ ပိုမိုတိုးတက်လာနိုင်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် အတွင်းရေးမှူး ဦးဝင်းကြိုင်ထံမှ သိရသည်။

''စီးပွားရေး လုပ်ငန်းဆိုတာက ရင်းနှီးမြှုပ်နှံမှုမရှိဘဲ အမြတ်ငွေဆိုတာ မျှော်မှန်းလို့မရပါဘူး။ ကဏ္ဍတိုင်းမှာ အဓိကက ရင်းနှီးမြှုပ်နှံမှု အားနည်းတဲ့အတွက် မတိုးတက်တာ ဖြစ်ပါတယ်။ စီးပွားရေးအင်အား တိုးတက်မှုက ရင်းနှီး မြှုပ်နှံမှုအပေါ်မှာပဲ အခြေခံတယ်။ ဒီအပိုင်းမှာ အစိုးရအနေနဲ့ လက်တွေ့ အကောင်အထည် ဖော်တဲ့အနေနဲ့ ငွေကျပ် ၇ဝဝ ဘီလီယံကျော်ကို ချေးငွေအဖြစ် ထည့်လိုက်တဲ့အတွက် အဲဒီပမာဏ အတိုင်းအတာနဲ့ လျော်ညီတဲ့ ကုန်ထုတ်လုပ်မှု တစ်ခုဖြစ်ပေါ်လာပြီး ဒီအပေါ်မှာ အကျိုးအမြတ်တွေ ခံစားရမှာပါ''ဟု ဦးဝင်းကြိုင်ကပြောသည်။

မြန်မာနိုင်ငံ အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းများနှင့် အသေးစားနှင့် အလတ်စား စက်မှုလက်မှု လုပ်ငန်း (SME) များအတွက် နိုင်ငံတော်အစိုးရ အနေဖြင့် ငွေကျပ် ၇ဝဝ ဘီလီယံခန့်ကို အတိုးနည်း နှစ်လတ် ချေးငွေ အဖြစ်ချေးပေးမည်ဟု ထုတ်ပြန်ကြေညာခဲ့ကြောင်း သိရသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger