www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, December 21, 2017

အမှတ် (၁၅) အကြီးစားစက်မှု (သာဂရ) မှသီးနှံ (စပါး) များ သိုလှောင်နိုင်မည့် Silo များနှင့် လူနာတင်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေ



နေပြည်တော် ၂၁-၁၂-၂၀၁၇

သာဂရစက်မှုနယ်မြေရှိ အမှတ် (၁၅) အကြီးစားစက်မှု လုပ်ငန်း (သာဂရ) မှ သီးနှံ (စပါး)များ သိုလှောင်နိုင်မည့် Silo များနှင့်လူနာတင်ယာဉ်များ တပ်ဆင်ထုတ်လုပ်နေပြီး ဖြန့်ဖြူးရောင်းချ ပေးသွားမည် ဖြစ်ကြောင်း စက်မှုဝန်ကြီးဌာန သတင်းများအရ သိရသည်။

လက်ရှိတွင် အဆိုပါပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ်၊ သာဂရစက်မှုနယ်မြေ ရှိအမှတ် (၁၅) အကြီးစား စက်မှုလုပ်ငန်း (သာဂရ) တွင် ရခိုင်ပြည်နယ်မောင်တော မြို့နယ်ရှိ ကြိမ်ချောင်းကျေးရွာ၌ တည်ဆောက်လှူဒါန်း နိုင်ရန် တန်၅ဝဝဆံ့ သီးနှံ (စပါး) များ သိုလှောင်နိုင်မည့် Silo များ ထုတ်လုပ်နေပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မှာယူထားသည့် လူနာတင်ယာဉ်များကိုလည်း တပ်ဆင်ထုတ်လုပ်နေပြီ ဖြစ်ကြောင်း၊ လက်ရှိတွင် ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသများတွင် စိုက်ပျိုးထားသော စပါးများကို ရာသီအချိန်မီ ရိတ်သိမ်းခြွေလှေ့ ပေးလျက်ရှိကြောင်း၊ အဆိုပါရိတ်သိမ်း ခြွေလှေ့ပေးသည့် စပါးများကိုအခြောက်ခံ၍ သိုလှောင်ထိန်းသိမ်း ထားနိုင်ရန် အတွက် တန်ချိန် ၅ဝဝ ဆံ့သည့် Silo တစ်စုံကို တည်ဆောက်နေခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ Silo တစ်စုံကို ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းကျေးရွာတွင် တည်ဆောက်တပ်ဆင်ပေးမည် ဖြစ်ပြီး Silo ကိုင်တွယ်ထိန်းသိမ်း နည်းများကိုလည်း လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်ကြောင်း ၊ Silo တစ်လုံး၏ တန်ဖိုးမှာ ငွေကျပ် ၁၈၆၅ သိန်းကုန်ကျမည်ဖြစ်ပြီး အဆိုပါ Silo များကို ထိုင်းနိုင်ငံမှ ပညာရှင်များဖြင့် ပူးပေါင်းတည်ဆောက်နေကာ မြန်မာနိုင်ငံအနှံ့ ဖြန့်ဖြူးရောင်းချနိုင်ရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရသည်။

ထို့ကြောင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ချိုသည် ဒီဇင်ဘာ ၁၆ ရက် နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သာဂရစက်မှုနယ်မြေရှိ အမှတ် (၁၅) အကြီးစားစက်မှု လုပ်ငန်း (သာဂရ)သို့ရောက်ရှိပြီး Metal Forming Workshop အတွင်းရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ ကြိမ်ချောင်းကျေးရွာတွင် တည်ဆောက်လှူဒါန်း နိုင်ရန်အတွက်တန် ၅ဝဝဆံ့ သီးနှံ (စပါး) များသိုလှောင်နိုင်မည့် Silo များ ထုတ်လုပ်နေမှု အခြေအနေနှင့် AssemblyWorkshop တွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက မှာယူထားသည့် လူနာတင်ယာဉ်များ တပ်ဆင်ထုတ်လုပ်မည့် အခြေအနေတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger