www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 20, 2017

ရတနာပုံတက္ကသိုလ် School Bus လမ်းကြောင်းသစ် ထပ်မံတိုးချဲ့ပြေးဆွဲ



မန္တလေး ၂၀-၁၂-၂၀၁၇

ကျောင်းသား၊ ကျောင်းသူများ လိုက်ပါစီးနင်းမှုများ ပြားလာသောကြောင့် ရတနာပုံတက္ကသိုလ် School Bus လမ်းကြောင်းသစ်ကို ယနေ့တွင် ထပ်မံတိုးချဲ့ပြေးဆွဲခဲ့ကြောင်း ရတနာပုံတက္ကသိုလ်မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

ရတနာပုံတက္ကသိုလ် မှကျောင်းသား၊ ကျောင်းသူများ သွားလာရေး အဆင်ပြေချောမွေ့ စေရန်အတွက် Mini Aircon Bus ဖြင့် မန္တလေးတက္ကသိုလ်မှ ရတနာပုံတက္ကသိုလ်ထိ ပြေးဆွဲပေးလျက်ရှိရာ ယခုပြေးဆွဲသည့် လမ်းကြောင်းအသစ်မှာ ၂၆ ဘီလမ်းနှင့် မြို့တော်ဥယျာဉ်ရှေ့မှ စတင်ထွက်ခွာမည် ဖြစ်ပြီး ကန်ပတ်လမ်းတစ်လျှောက်မှ ၃၅ လမ်းထိ၊ ထိုမှတစ်ဆင့် ၈၄လမ်းတစ်လျှောက်မှ ရတနာပုံတက္ကသိုလ် ထိဖြစ်ကြောင်း သိရသည်။

"အဓိကကတော့ ကျောင်းသား၊ ကျောင်းသူတွေ သွားလာရေး အဆင်ပြေအောင် ဆောင်ရွက်ပေး တာဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျောင်းသား၊ ကျောင်းသူ တွေဟာဆိုရင် နယ်ကလာပြီးတော့အဆောင်မှာ နေတာ များတယ်။ တချို့က ဆိုင်ကယ်တွေပါလာ ကြတယ်။ မပါလာတဲ့သူအတွက် ကျတော Ferry ကားနဲ့လာကြတယ်။ ဒီလိုမျိုးလေးတွေရှိလို့ ကျောင်းသား၊ ကျောင်းသူတွေအတွက် အခုလိုမျိုှး School Bus တွေ ပြေးဆွဲပေးရတာ ဖြစ်ပါတယ်"ဟု ၎င်းက ဆက်လက် ပြောပြသည်။

ယခုကဲ့သို့ School Bus များဖြင့် ကျောင်းသွား၊ ကျောင်းပြန် ပြေးဆွဲပေးခြင်းဖြင့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအတွက် ငွေကြေးကုန်ကျမှုစရိတ် သက်သာစေမည်ဖြစ်ပြီး ပြေးဆွဲမည့် လမ်းကြောင်းတစ်လျှောက် တွင်ရှိသည့် တက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများအနေဖြင့်လည်း လိုက်ပါစီးနင်းနိုင်ကြောင်း သိရသည်။

"ပြေးဆွဲမှာက မနက်တစ်ခေါက်၊ ညနေတစ်ခေါက် ပြေးဆွဲမှာပါ။ ယာဉ်ထွက်ချိန်ကိုတော့ နံနက် ၇ နာရီခွဲ သတ်မှတ်ထားပါတယ်။ ညနေကိုတော့ မွန်းလွဲ ၂နာရီခွဲလောက်ပေါ့။ ယာဉ်စီးခနှုန်းထားကိုတော့ တစ်ယောက်ကို ငွေကျပ်၎ဝဝ သတ်မှတ် ထားပါတယ်။ လောလောဆယ်တော့ School Bus ကျြသုံးစီးနဲ့ ပြေးဆွဲနေတာရှိပြီး ကျောင်းသား၊ ကျောင်းသူတွေ လိုက်ပါစီးနင်းမှုအပေါ် မူတည်ပြီး လမ်းကြောင်းသစ်တွေကို ထပ်မံတိုးချဲ့ ပြေးဆွဲသွားဖို့လဲ ရှိပါတယ်"ဟု အဆိုပါတာဝန်ရှိသူက ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger