www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 8, 2017

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု)တို့ ကော့မှူးမြို့နယ်ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်


တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) မှ တပ်မတော်နယ်လှည့်အထူးကုဆေး အဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးစဉ်။

တပ်မတော်နယ်လှည့် အထူးကုဆေး အဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၈-၁၂-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီမြစ် ကြောင်းတစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့များပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ် (ရွှေပုဇွန်) နှင့် မြစ်ရေယာဉ် (စကု) တို့သည် ယနေ့တွင် ကော့မှူးမြို့နယ်၊ ကျိုက်ထော် (တောင်) ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံပြည်သူ ၁၁ဝ၆ ဦးအား အဆိုပါကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက် ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ကလေးရောဂါ ၁၈၅ ဦး၊ ဆေးကုသမှုဆိုင်ရာရောဂါ ၂၄၂ ဦး၊ ခွဲစိတ်ရောဂါ ၁ဝ၃ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၁ဝ၁ ဦး၊ အရိုးရောဂါ ၈၆ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၁၂၃ ဦး၊ မျက်စိရောဂါ ၁၅၃ ဦးနှင့် သွားရောဂါ ၁၃၃ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှု များဆောင်ရွက်ပေးပြီး ၎င်းတို့အနက်မှ မျက်စိခွဲစိတ်လူနာ ၃၄ ဦး၊ သွားခွဲစိတ်လူနာ ၄၄ ဦးနှင့် အရိုးခွဲစိတ်လူနာသုံးဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက် ပေးကာ ဓာတ်မှန်ရိုက်လူနာ ၂၂ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၁ ဦးနှင့် ECG စက်ဖြင့်နှလုံးစမ်းသပ်လူနာ ၄၁ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger