ဘားအံ ၂၆-၁၂-၂၀၁၇
ကရင်ပြည်နယ်ရှိ သမိုင်းဝင်ကော့ကသောင် လိုဏ်ဂူနှစ်ကျိပ်ရှစ်ဆူ ဘုရားသို့ ပြည်တွင်းဘုရားဖူးခရီးသွား များသာမက ပြည်ပခရီးသွားဧည့်သည်များပါ လာရောက်လည်ပတ်ကြရာ ပွင့်လင်းရာသီတွင် လာရောက်သူ
ပိုမိုများပြားကြောင်း ကော့ကသောင်လိုဏ်ဂူ နှစ်ကျိပ်ရှစ်ဆူဘုရား ဂေါပကအဖွဲ့ဝင် ဦးသန်းညွန့်ထံမှ သိရသည်။
ကော့ကသောင်လိုဏ်ဂူသည် သွားလာရေး လွယ်ကူပြီး ကားလမ်းမကြီးနှင့် နီးသည့်အတွက် လိုဏ်ဂူတည်ရှိရာ တောင်ခြေအထိ ရာသီမရွေးမော်တော် ယာဉ်များဖြင့် သွားရောက်နိုင်ကြောင်း၊ ဘားအံမြို့နှင့်နီးပြီး လမ်းပန်း ဆက်သွယ်ရေးလည်း လွယ်ကူကောင်းမွန်သည့်အတွက် ဘုရားဖူးများနှင့် အမြဲမပြတ် စည်ကားလျက်ရှိကြောင်း၊ အားလပ်ရက်များတွင် မြို့နေပြည်သူများ သာမက ပြည်ပခရီးသွား ဧည့်သည်များပါ လာရောက်လေ့လာ ကြသည့်အတွက် တစ်ရက်လျှင် ပြည်ပခရီးသွားဧည့်သည် ၂ဝဝ ခန့် လာရောက်လည်ပတ် ကြကြောင်း သိရသည်။
ကရင်ပြည်နယ် ဘားအံမြို့အနီးရှိ ကော့ကသောင်လိုဏ်ဂူသည် လူသိများသော နေရာဖြစ်ပြီး မြတ်ဗုဒ္ဓ၏ယဉ်ကျေးမှု အမွေအနှစ်များ ကိန်းဝပ်တော်မူကြောင်းနှင့် လိုဏ်ဂူသည် သမိုင်းဝင်စာရင်း၌ ပါဝင်နေပြီး ဗုဒ္ဓယဉ်ကျေးမှု အမွေအနှစ်များ ကိန်းဝပ်လျက် ရုပ်ပွားတော်၊ ဆင်းတုတော်၊ ရပ်တော်မူ၊ လျောင်းတော်မူဘုရားများနှင့် မြတ်ဗုဒ္ဓ၏ ဓာတ်တော်မွေတော်များကိုလည်း ဖူးတွေ့နိုင်ကြောင်း သိရသည်။
#Themyawadydaily






No comments:
Post a Comment