www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Friday, December 22, 2017

မန်းရွှေစက်တော် ဘုရားပွဲကာလ ဈေးဆိုင်ခန်းဖွင့်လှစ် ရောင်းချလိုသူများ လျှောက်လွှာတစ်စောင် ငွေကျပ် ၅ဝဝဝ နှုန်းဖြင့် လျှောက်ထားနိုင်ဟုဆို



မင်းဘူး ၂၂-၁၂-၂၀၁၇

၂ဝ၁၈ ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်ကာလ ဈေးဆိုင်ခန်း ဖွင့်လှစ်ရောင်းချလိုသူများ လျှောက်လွာတစ်စောင်လျှင် ငွေကျပ် ၅ဝဝဝ နှုန်းဖြင့် ဒီဇင်ဘာ ၂ဝ ရက်မှ ၂ဝ၁၈ ခုနှစ် ဇန်နဝါရီ ၁၅ရက်ထိ မင်းဘူးမြို့ မန်းရွှေစက်တော် ဘုရားဂေါပကရုံး၌ လျှောက်ထားနိုင်ကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောပြ၍ သိရသည်။

ဈေးဆိုင်ခန်းများအတွက် မြေနေရာ၊ မြေကွက်ဈေးနှုန်းများမှာ ယခင်နှစ်ပွဲတော် ကာလဈေးနှုန်းထက် ငွေကျပ် ၁ဝဝဝဝမြင့်တက်ခဲ့ သကဲ့သို့ ဈေးဆိုင်ခန်းတစ်ခန်းချင်း သန့်ရှင်းရေးခွန်မှာလည်း ယခင်နှစ်ထက် ငွေကျပ် ၅ဝဝဝတိုးမြှင့် ကောက်ခံကြောင်း သိရသည်။

"အခု ၂ဝ၁၈ခုနှစ် မန်းရွှေစက်တော် ဘုရားပွဲတော်ကာလမှာ ဈေးဆိုင်ခန်း၊ မြေကွက်ဈေးနှုန်းနဲ့ သန့်ရှင်းရေးခွန်ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။ အခုနှစ်ပွဲတော်ကာလ ပေမြောင်အထက် ဈေးဆိုင်တွေကို ငွေကျပ် ၃၅ဝဝဝ၊၄၅ဝဝဝ၊၆ဝဝဝဝ ဆိုပြီးဆိုင်မြေနေရာ သုံးမျိုးပါတယ်။ အဲဒီဆိုင်ခန်းတွေအတွက် ပွဲတော်ကာလသန့်ရှင်းရေးခွန် ငွေကျပ် ၂ဝဝဝဝ ကောက်ခံသွားမှာ ဖြစ်ပါတယ်။ ပေမြောင်အောက်ဈေးဆိုင် မြေကွက်တွေကို ငွေကျပ်၂၅ဝဝဝ၊၃ဝဝဝဝ၊၃၅ဝဝဝ၊၄ဝဝဝဝ၊ ၄၅ဝဝဝ၊ ၅ဝဝဝဝ၊၆ဝဝဝဝနဲ့ ဆိုင်ခန်းခုနစ် မျိုးချထားပေးပြီး ဆိုင်ခန်းတစ်ခန်း အတွက် သန့်ရှင်းရေး ခွန်ငွေကျပ် ၂ဝဝဝဝပေးဆောင်ရမှာ ဖြစ်ပါတယ်" ဟု မန်းရွှေစက်တော် ဂေါပကအဖွဲ့ဝင် ဦးဝင်းချိုက ပြောပြသည်။

ဈေးဆိုင်အတွင်း လောင်းကစားပြုလုပ်ခြင်း၊အရက်သေစာ၊ မူးယစ်ဆေးဝါးများ ရောင်းချခြင်းကို လုံးဝခွင့်မပြုကြောင်း ၎င်းက ဆက်လက်ပြောပြ၍ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger