www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 27, 2017

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်


အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန် တပ်မတော်နယ်လှည့် အထူးကုဆေး အဖွဲ့က ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုကို ကြည့်ရှုအားပေး
စဉ်။


တပ်မတော်နယ်လှည့်အထူးကုဆေးအဖွဲ့က ခွဲစိတ်လူနာတစ်ဦးအား လိုအပ်သည့်ဆေးဝါးကုသမှုများ
 ဆောင်ရွက်ပေးစဉ်။

နေပြည်တော် ၂၇-၁၂-၂၀၁၇

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်နှင့် ဝဲလောင်မြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ပေးရန် ရောက်ရှိနေသည့် တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့သည် ယနေ့တွင် တောင်သာမြို့နယ်၊ ကျောဇီကျေးရွာတွင် အခြေပြု၍ အဖွဲ့(၁)သည် ဇဂျန်းကျေးရွာနှင့် ကန်မြဲကျေးရွာတို့၌ လည်းကောင်း၊ အဖွဲ့(၂)သည် နတ်စောင့်ကျေးရွာ၌လည်းကောင်း ဒေသခံပြည်သူ ၈၁၂ ဦးတို့အား လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသမှု ဆိုင်ရာရောဂါ ၂၃၉ ဦး၊ ခွဲစိတ်ရောဂါ ၂၉ ဦး၊ ကလေးရောဂါ ၅ဝ ဦး၊ သားဖွား/မီးယပ်ရောဂါ ၂၉ ဦး၊ အရိုးရောဂါ ၇၅ ဦး၊ နား/နှာခေါင်း/လည်ချောင်းရောဂါ ၂၇ ဦး၊ မျက်စိရောဂါ ၂၄၅ ဦး၊ သွားရောဂါ ၅၃ ဦး၊ အထွေထွေရောဂါ ၆၅ ဦးတို့အား လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။

၎င်းတို့အနက် မျက်စိခွဲစိတ်လူနာ ၂၁ ဦး၊ အရေးပေါ်ခွဲစိတ်လူနာတစ်ဦးနှင့် သွားခွဲစိတ်လူနာ ၄၆ ဦးတို့ကို ခွဲစိတ်ကုသမှုများ ဆောင်ရွက်ပေးပြီး ဓာတ်မှန်ရိုက်လူနာ ၂၉ ဦး၊ တယ်လီဗေးရှင်း ဓာတ်မှန်ရိုက်လူနာ ၃၅ ဦး၊ ECG စက်ဖြင့် နှလုံးစမ်းသပ်လူနာ ၅၁ ဦးနှင့်ဓာတ်ခွဲစမ်းသပ်မှု ၄၉ ဦးတို့ကို ရောဂါရှာဖွေခြင်းများ ဆောင်ရွက်ပေးသည်။

ယင်းသို့ဆောင်ရွက် ပေးမှုများကို အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဝင်းဗိုလ်ရှိန်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု အားပေးသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ကျောဇီကျေးရွာ၊သိမ်ကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တပဏ္ဍိတအား သွားရောက်ဖူးမြော်၍ သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger