www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Wednesday, December 20, 2017

ပုဂံဒေသ ယူနက်စကိုစာရင်း ဝင်ရောက်နိုင်ရေး ကြိုဆိုသည့် အနေဖြင့် ဒေသခံများ လှုပ်ရှားမှုပြုလုပ်


ဒေသခံများ ပုဂံမြို့ သရပါတံခါးမှ ခေမင်္ဂဘုရားထိ လမ်းလျှောက်အမှိုက်ကောက်ခြင်းဆောင်ရွက်စဉ်။


ညောင်ဦး ၂၀-၁၂-၂၀၁၇

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ၂ဝ၁၉ ခုနှစ်၌ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်ဒေသအဖြစ် ယူနက်စကို စာရင်းဝင်ရောက် နိုင်ရေးအား ကြိုဆိုသည့်အနေဖြင့် ယနေ့တွင် ဒေသခံများ လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ပုဂံဒေသခံများထံမှ သိရသည်။

ယူနက်စကိုစာရင်း ဝင်ရောက်နိုင်ရေး ကြိုဆိုပွဲကို ပုဂံယဉ်ကျေးမှုဒေသ အထောက်အကူပြု ကော်မတီ၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) နှင့် ပုဂံဒေသရှိ အရပ်ဘက်အဖွဲ့အစည်းခုနစ်ဖွဲ့ခန့်ဖြင့် ပြုလုပ်ခဲ့ပြီး လှုပ်ရှားမှုအနေဖြင့် နံနက် ၈ နာရီတွင် ပုဂံမြို့ သရပါတံခါးမှ ခေမင်္ဂဘုရားအထိ လမ်းလျှောက်၍ အမှိုက်ကောက်ခြင်း၊ ခေမင်္ဂဘုရား၌ သန့်ရှင်းရေး ဆောင်ရွက်ခြင်းတို့ ပြုလုပ်ခဲ့ကြောင်း သိရသည်။

"ဒီကနေ့လုပ်တဲ့ ကြိုဆိုပွဲက ပုဂံဒေသကို နည်းစနစ်မှန်တဲ့ ထိန်းသိမ်းမှုဖြစ်စေချင်ပါတယ်။ ပုဂံဒေသရဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေကို နောင်မျိုးဆက်သစ်တွေထိ ရေရှည်တည်တံ့ စေလိုတဲ့ ဆန္ဒသဘောနဲ့ ယူနက်စကိုဝင်ရောက်နိုင်ရေး ကိုကြိုဆိုတာပါ" ဟု ပုဂံဒေသရှိ  Save the Bagan အင်အားစု အဖွဲ့ခေါင်းဆောင် ကိုမျိုးဆက်စံက ပြောပြသည်။

ကြိုဆိုပွဲလှုပ်ရှားမှုကို အဖွဲ့အသီးသီးမှ လူအင်အား ဦးရေ ၂ဝဝ ခန့်ဖြင့် ပြုလုပ်ခဲ့ပြီး နံနက် ၁ဝ နာရီခန့်တွင် ကြိုဆိုပွဲပြီးဆုံးခဲ့ကြောင်း သိရသည်။

"အခုက ထောက်ခံပွဲ မဟုတ်ပါဘူး။ ကြိုဆိုပွဲဖြစ်ပါတယ်။ ပုဂံဒေသ ကမ္ဘာ့အမွေအနှစ် စာရင်းဝင်နိုင်ဖို့ လုပ်ဆောင်နေတာတွေကို ဒီကဒေသခံတွေကို ပွင့်ပွင့်လင်းလင်း ဖော်ပြတာမရှိပါဘူး။ မြင်သာထင်သာ မရှိသေးတော့ လုပ်ဆောင်ချက်တွေကို ထောက်ခံလို့မရ သေးပါဘူး။ ယူနက်စကို ဝင်ရောက်ရေးကို ကြိုဆိုတာပဲဖြစ်ပါတယ်"ဟု ကြိုဆိုပွဲ၌ ပါဝင်သည့် ပုဂံမြို့ဒေသခံ ဦးရဲမြင့်က ပြောပြသည်။

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေကို ၂ဝ၁၉ခုနှစ်၌ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ဒေသအဖြစ် ယူနက်စကို ဝင်ရောက်နိုင်ရေး အတွက် လာမည့် ၂ဝ၁၈ခုနှစ် ဇန်နဝါရီလတွင် နောက်ဆုံးတင်သွင်းမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger