www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Tuesday, October 24, 2017

တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တပ်ဖွဲ့ဝင် ကျောင်းသား၊ ကျောင်းသူများ သန်လျင်တပ်နယ်ရှိ စစ်ရေယာဉ်များနှင့် မင်္ဂလာဒုံလေတပ်စခန်း ဌာနချုပ်သို့ သွားရောက်လေ့လာ


တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တပ်ဖွဲ့ဝင် ကျောင်းသူများကို တာဝန်ရှိသူတစ်ဦးက စစ်ရေယာဉ်နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားစဉ်။

တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တပ်ဖွဲ့ဝင် ကျောင်းသားများ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ရှိ တိုက်ခိုက်ရေးလေယာဉ်အား လေ့လာစဉ်။

နေပြည်တော် ၂၄-၁၀-၂၀၁၇

ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ တက္ကသိုလ်လေ့ကျင့်ရေးတပ် (UTC) တပ်ဖွဲ့ဝင် ကျောင်းသား ၃၁၆ဦးနှင့် ကျောင်းသူ ၄၆၁ဦးတို့သည် တာဝန်ရှိသူများလိုက်ပါ၍ အောက်တိုဘာ ၂၂ရက်တွင် သန်လျင်တပ်နယ်ရှိ စစ်ရေယာဉ်များနှင့် မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်သို့ အဖွဲ့ နှစ်ဖွဲ့ခွဲ၍ သွားရောက်လေ့လာ ကြသည်။

ထိုသို့လေ့လာရာတွင် သန်လျင်မြို့နယ်၊ အမှတ် (၃) ဆိပ်ခံဘောတံတား၌ ဆိုက်ကပ်ထားသော စစ်ရေယာဉ်ဆင်ဖြူရှင်နှင့် ကျန်စစ်သားသို့သွားရောက်၍ စစ်ရေယာဉ်များ၏ ကျောက်တင်၊ ကျောက်ချလုပ်ငန်းများ၊လက်နက်စနစ်များ၊ရေယာဉ်မောင်းနှင် ထိန်းသိမ်းမှုနှင့် ရေကြောင်းဆိုင်ရာ အချက်အလက်များ၊ အင်ဂျင်ပိုင်းများ၊ Main Control ပိုင်းများနှင့် အခြားရေယာဉ်ဖွဲ့စည်းမှုများကို လေ့လာကြသည်။

အလားတူ မင်္ဂလာဒုံ လေတပ်စခန်းဌာနချုပ်ရှိ ဘက်စုံသုံး တိုက်ခိုက်ရေးလေယာဉ်များ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်များနှင့် ကြားဖြတ်တိုက်ခိုက်ရေး လေယာဉ်များကို သွားရောက်လေ့လာကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်း ပြသခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger