www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, October 26, 2017

General Aung San Shield 2017 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲပြုလုပ်




နေပြည်တော် ၂၆-၁၀-၂၀၁၇

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်က ကြီးမှူးကျင်းပသည့် General Aung San Shield 2017 ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုပေးပွဲကို ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့၊ အောင်ဆန်း အားကစားကွင်း၌ ပြုလုပ်ရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း) မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သက်ပုံ၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် နာယကဦးအောင်ကိုဝင်း၊ ဥက္ကဋ္ဌ ဦးဇော်ဇော်နှင့် ဒုတိယ ဥက္ကဋ္ဌဒေါက်တာ စိုင်းဆမ်ထွန်း၊ အားကစားနှင့်ကာယပညာ ဦးစီးဌာနမှတာဝန်ရှိသူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက် ကြည့်ရှု အားပေးကြသည်။

ပြိုင်ပွဲတွင် ရှမ်းယူနိုက်တက် အသင်းနှင့် ရန်ကုန်ယူနိုက်တက် အသင်းတို့သည် တစ်ဖက်နှင့်တစ်ဖက် အနိုင်ရရှိရေးအတွက် အစွမ်းကုန်ယှဉ်ပြိုင် ကစားခဲ့ကြပြီး ပွဲအပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ရန်ကုန်ယူနိုက်တက် အသင်းကို ၂ ဂိုး-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ထို့နောက် ဆုချီးမြှင့်ပွဲကို ဆက်လက်ပြုလုပ်ရာ ဒုတိယဆု ရရှိသည့် ရန်ကုန်ယူနိုက် တက်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌက လည်းကောင်း၊ ငွေသားကျပ်သိန်း ၁၅ဝ အား ရန်ကုန်တိုင်းစစ်ဌာနချုပ် လွှတ်တော်ဒုတိယဥက္ကဋ္ဌက လည်းကောင်းဆုများ ပေးအပ်ချီးမြှင့်သည်။

ဆက်လက်ပြီး ပထမဆုရရှိသည့် ရှမ်းယူနိုက်အသင်းအား တစ်ဦးချင်း ဆုတံဆိပ်များကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက လည်းကောင်း၊ ငွေသားကျပ်သိန်း ၃ဝဝကို မြန်မာနိုင်ငံ ဘောလုံးဖွဲ့ချုပ် နာယက ဦးအောင်ကိုဝင်းက လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ကြပြီး ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းက ပထမဆုရရှိသည့် ရှမ်းယူနိုက် အသင်းအား တံခွန်စိုက်ဖလားကို ပေးအပ်ချီးမြှင့် ခဲ့ကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger