www.themyawadydaily.blogspot.com . . . www.facebook.com/themyawadydaily . . . https://twitter.com/Themyawadydaily

Thursday, July 6, 2017

ရွှေဘို-မြစ်ကြီးနား ကားလမ်း ဒိုးပင်တောင်လမ်းတွင် ကျွန်းခွဲသား တင်ဆောင်လာသော ခြောက်ဘီးယာဉ်တစ်စီးကို ပိုင်ရှင်နှင့်အတူဖမ်းမိ



ကောလင်း ၆-၇-၂၀၁၇

ကောလင်းမြို့နယ် ရွှေဘိုမြစ်ကြီးနား ကားလမ်းဒိုးပင်တောင် လမ်းတွင် ကျွန်းခွဲသားအရွယ်စုံ တင်ဆောင်လာသော တုန်ဖုန်း ခြောက်ဘီးယာဉ်တစ်စီးကို ပိုင်ရှင်နှင့်အတူ ဇူလိုင် ၃ရက် ညနေ ၃နာရီ ၅မိနစ်က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ကောလင်းမြို့နယ် ရွှေဘို-မြစ်ကြီးနားကားလမ်း မိုင်တိုင်အမှတ် (၁ဝ၄/၃) ဒိုးပင်ရွာတောင်ဘက် လမ်းအရှေ့ ဦးစိုးလှိုင် ခြံဝင်း၌ ကျွန်းခွဲသား ၂၂၂ချောင်း၊ ၂ ဒသမ ဝ၁၆၄တန်၊ တုန်ဖုန်းခြောက်ဘီး ယာဉ်တစ်စီးနှင့် သစ်ပိုင်ရှင် အောင်မောင် ဒိုးပင်ရွာနေသူကို ကသာခရိုင်သစ်တော ဦးစီးဌာနမှ ဦးသောင်နိုင် (လက်ထောက်ညွှန်ကြားရေးမှူး) နှင့် ကောလင်းမြို့နယ် သစ်တော ဦးစီးအရာရှိ ဦးမျိုးနိုင်၊ တောအုပ်ကြီး ဦးဖြိုးဝေအောင်၊ တောအုပ်ဦးထွန်းမောင်ရှိန်၊ တောအုပ်ဦးအောင်မျိုးသူ၊ တောအုပ် ဦးကံတင့်၊ တောခေါင်း ဦးဖိုးပေ၊ သစ်တောလုံခြုံရေးအရာခံ အေးသိန်းတပ်ဖွဲ့ဝင် ငါးဦးတို့က ဖမ်းဆီးခဲ့ပြီး ပြည်သူပိုင်ပစ္စည်း ကာကွယ်စောင့် ရှောက်ရေးဥပဒေပုဒ်မ-၆(၁)ဖြင့်အမှုဖွင့်ထားကြောင်း သိရသည်။

ထို့ပြင် အဆိုပါ ယာဉ်မှသယ်ယူလာသော လမ်းကြောင်းဖြစ်သည့် ဝန်းသိုမြို့နယ် ပြင်တဲကြိုးဝိုင်း အတွင်း ကောလင်း၊ ဝန်းသိုမြို့နယ်တို့မှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ သစ်တောလုံခြုံရေးရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းအဖွဲ့နှင့်အတူ ဇူလိုင် ၄ရက်က ကွင်းဆင်းစစ်ဆေးခဲ့ရာ တရားမဝင် သစ်စက်နေရာ သုံးနေရာမှ အင်ဂျင်တစ်လုံးနှင့် ဆက်စပ်ပစ္စည်းများ၊ တရားမဝင်ကျွန်းသစ်လုံး၊ ခွဲသားတန်၂ဝကျော်၊ သစ်များနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းနိုင်ခဲ့ပြီး သစ်ပိုင်ရှင်များ ဖမ်းမိနိုင်ရေး စုံစမ်းစစ်ဆေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။

#yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

တင်ပြီးသမျှ သတင်းများ

 

Follow on Twitter

Networkblog

FB Like page

Powered By Blogger